Chapter -12 {Zawgyi}

1.4K 161 2
                                    


ထိုလက်က နွေးထွေးနေပြီး ရုန်းပိုင်ရဲ့ လက်ချောင်းတွေကို ကိုင်လိုက်တော့ ထိုအပူဓာတ်တွေက ရုန်းပိုင်ဆီပါ ကူးစက်သွားသည်။

  နှစ်ပေါင်းများစွာကြာသည့်တိုင်....သူ့ရဲ့ ဒီလက်တွေကို ထိရဲတဲ့သူ မရှိသေးပေ။ ထို့ကြောင့် ထိုရုတ်တရက်အခြေနေမှာ စိတ်တိုဒေါသထွက်ပြီး လက်ကိုပြန်ရုတ်လိုက်ရမှာဖြစ်သော်လည်း ထိုအစား ရုန်းပိုင်က ထိုလက်ပိုင်ရှင်ကိုသာ အံ့သြစွာနဲ့ ကြည့်မိလိုက်သည်။

  သူတွေ့လိုက်တာက သူ့ကို မျက်လုံးအပြူးသားနဲ့ ကြည့်နေတဲ့ စုန့်ချီ ကိုပင်။

အမှန်တော့ ထိုခဏတာအချိန်လေးမှာ စုန့်ချီလည်း နည်းနည်းတော့ ကြောက်မိသည် ..အထူးသဖြင့် ရုန်းပိုင်က သူ့ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာပေါ့။ရုန်းပိုင်ရဲ့မျက်နာပေါ်မှာ အပြုံးဖျော့ဖျော့ရှိနေသည်။ သို့ပေမယ့် စုန့်ချီက လက်ကို လွှတ်လိုက်ပြီး သူ့လက်ကိုသူ
အကျီင်္လက်အောက်မှာ ဝှက်ထားလိုက်သည်။

  အစောက ဝမ်ချန်ချူး သူ့ကိုမသွားဖို့ တားလိုက်တုန်းက တစ်ခုခုဖြစ်လာတော့မယ်လို့ ခံစားမိပြီး ရုန်းပိုင်အနောက်ကို လိုက်လာတာဖြစ်သည်။

  ရုန်းပိုင်က လူသတ်တော့မယ့် အချိန်မှာတော့ သူကိုယ်တိုင်မသိလိုက်ပဲနဲ့ ရုန်းပိုင်ရဲ့လက်ကို ဆွဲမိလိုက်တာ ဖြစ်သည်။

   ရုန်းပိုင်အနောက်ကို စပြီး မလိုက်ခင်တုန်းက လုရှောင်ကျင်း{မှတ်မိသေးလား ကိုယ့်အချစ် ဆံနီလေးလေ😎}က သခင်ရုန်းရဲ့စိတ်ကို မှားယွင်းတဲ့နည်းလမ်းတွေနဲ့ သွားမစွမိဖို့ ထပ်ခါ ထပ်ခါ သတိပေးဖူးသည်။သူ့စိတ်ကိုစွနိုင်မယ့်နည်းလမ်းကလည်း  တစ်ယောက်ယောက်ကို သတ်တော့မယ့်အချိန်မှာ ဝင်တား တာပဲဖြစ်သည်။

စုန့်ချီလည်း ရုန်းပိုင်ကို အကဲခတ်ကြည့်လိုက်သည်။ ဒေါသထွက်တာတော့ မတွေ့ရပေ။
စုန့်ချီလည်း တစ်ခုခုကိုတော့ ပြောသင့်တယ်လို့ တွေးမိလိုက်သည်။ ရုန်းပိုင်သာ ဒေါသထွက်သွားရင် အဲ့ဒါက ကပ်ဆိုး ဆိုက်တာထက် ပိုတောင်ဆိုးနိုင်သည်လေ။ ထို့ကြောင့် သူလည်း ကိုယ်ကို အနည်းငယ်ယိမ်းလိုက်ပြီး ရုန်းပိုင်ရဲ့ နား အနားကို တီးတိုးကပ်မေးလိုက်သည်။
  "သခင်ရုန်း .. သူ့ကို သတ်တော့မလို့လားဟင် ?"

𝐅𝐨𝐱 𝐃𝐞𝐦𝐨𝐧 𝐂𝐮𝐥𝐭𝐢𝐯𝐚𝐭𝐢𝐨𝐧 𝐌𝐚𝐧𝐮𝐚𝐥 [𝑴𝒎𝙏𝒓𝒂𝒏𝒔]Where stories live. Discover now