Chapter 2!

4.7K 50 0
                                    

           ဆရာမ မိုးစက်ဘေးကို ရောက်လာတယ်။  
      
"ငါ့အချိန်မှာ ငါ့ဖတ်စာအုပ် ထည့်ခဲ့ရမယ်ဆိုတာ နားမလည်ဘူးလား..ဟန်။ ကဲ.. လက်ဖြန့်လိုက်ဦး"

ဆရာမက ဒီနေ့ထူးထူးခြားခြား ရိုက်နေတော့သည်။ သစ်သားပေတံတစ်ချောင်းနဲ့ မိုးစက်ရဲ့လက်ကို ခပ်ပြင်းပြင်းရိုက်လိုက်တယ်.. အသံကြောင့် ဘေးမှာထိုင်နေတဲ့ သော်တာပင် တစ်ချက်တုန် သွားရ တယ်။ ဆရာမထွက်သွားချင်းချင်း သော်တာလဲ မိုးစက်ရဲ့လက်ကို လှမ်းဆွဲကိုင်ကာ ကြည့်နေတယ်။နီတက်နေသည်။ ပါးစပ်ကလဲ သူပြောသလို မလုပ်လို့ပွစိပွစိနဲ့ ပြောနေတော့တယ်။
           လက်ပေါ်ကို ရုတ်တရက် အရည်ကြည်နုနုတစ်စက် ကျလာတာမို့ မိုးစက်လှည့်ကြည့်လိုက်ချိန်.. သော်တာ မျက်ရည်တွေကျ နေခဲ့တယ်။ ဒါကို မိုးစက်မမြင်အောင်လဲ သူ့ လက်လေးနဲ့ မျက်နှာကိုအုပ်ထားသေးတာ..
"သော်တာ..နင်ဘာလို့ငိုတာလဲဟာ"

"မငိုပါဘူး.ဘယ်သူကငိုနေလို့လဲ"

"လာမလိမ်နဲ့ နင်ငိုနေတာငါသိတယ်"

"ဟူး...ငါနင့်ကိုဘယ်တော့မှလိမ်လို့မရဘူး"

"သော်တာရာ.."

    ပခုံးပေါ်ရောက်လာတဲ့ ဖြူဖွေးနေတဲ့လက်သွယ်သွယ်လေးတွေ။ မိုးစက်လဲ နူးညံ့ကာနွေးထွေးနေတဲ့ သော်တာ့လက်ကို လှမ်းဆုပ်ကိုင်ထားမိတယ်..

"ငါတဲ့အတူမျှကြည့်ပါလို့ပြောတာကို နင်ကနားမှမထောင်တာ ခုတော့နာသွားပြီမလား"

သော်တာ... မိုးစက်ရဲ့နီနေတဲ့လက်တွေကိုကြည့်ပြီး မျက်ရည်တွေပြန်၀ဲ လာတယ်။ မိုးစက်လဲ ရယ်ပြီး သော်တာရဲ့ ဆံပင်ကုပ်၀ဲဖောင်းဖောင်းလေးကိုလှမ်းဖွနေတယ်။

" ငါမနာပါဘူး။ အသည်းနုလုက်တာဟယ်.. မငိုနဲ့တော့..တိတ်။"

ပြောတော့မှဘဲ မိုးစက်ကိုဖက်ပြီး မျက်ရည်ကကျလာသေးသည်။

  "မုန့်စားကျောင်းတောင်ဆင်းပြီ။ သော်တာ.နင့်မှာမုန့်ပါလား"

   "အွန်း..ပါတယ် ရော့နင်အကုန်စားလိုက်"

သော်တာလဲ လွယ်အိတ်ထဲက မုန့်ထုပ်လေးကို မိုးစက်
ကိုပေးလိုက်တယ်။ မိုးစက်က တီကောင်ပုံဂျယ်လီချောင်းလေးကို ကိုက်ကာ ပါးစပ်မှာတေ့ထားရင်း...

"ဟဲ့..ငါကိုက်ထားတဲ့ ဂျယ်လီကိုနင်လဲလှမ်းကိုက်လိုက်"

"ကိုက်စရာလား"

"လုပ်ပါ ကိုက်လိုက် plss"

သော်တာရဲ့ဇက်ကို လှမ်းဆွဲပြီး အနားကပ်လိုက်တော့ နှစ်ယောက်လုံး မျက်နှာချင်းအတော် ကပ်သွားကြတယ်။ သော်တာကတော့ ချွေးစလေးပင်စို့ပြီး အသက်ရှူကြပ် လာသလိုလို။ ဒီတိုင်းကပ်နေတာ တစ်မိနစ် နီးပါးရှိပြီကို..
   
"မိုးစက်...အရမ်းကပ်နေသလားလို့"

"မကပ်ပါဘူး..ဂျယ်လီကိုကိုက်လိုက်တော့။မဟုတ်ရင်ဒီတိုင်းပဲ နေမှာ။ ဒါမှမဟုတ် ဒီလိုမျိုးလေးဘဲ နေချင်တာလား "

မိုးစက် ဒီအခိုက်အတန့်ကို တကယ်ရပ်ထားချင်မိတယ်..သော်တာရဲ့ ကိုယ်သင်းနံ့လေးကိုလဲရနေတယ်။
ကျောင်းခန်းထဲမှာ လူနည်းနည်းပဲရှိနေ ပေမဲ့ စာကျပိုးတွေစာကုန်းရေး နေပြီးအားလုံး ကိုယ့်အလုပ်နဲ့ကိုရှုပ်နေကြတယ်..

"နင်မကိုက်ဘူးလား..အာ့ဆိုလဲ...."

သော်တာ လက်ဖျားတွေ အေးစက်နေပြီး မိုးစက်ဒီနေ့ဘာဖြစ်နေတာလဲလို့ စဥ်းစားနေမိတယ် ။ စဥ်းစားချက် အတွက်အဖြေမထွက်ခင် သော်တာ့နှုတ်ခမ်းပေါ် ရောက်လာတဲ့ နှုတ်ခမ်းတစ်စုံ။ စိုစွတ်ချိုမြိန်လာတဲ့ အရသာ..

"မိုးစက် အွန်း..ဟင်း....မိုး-  ဟ.."

မိုးစက် ဖြေးညှင်းစွာနမ်းရင်းက သော်တာရဲ့လျှာကိုလာစုပ်တော့ စကားပြော လို့မရဖြစ်သွားခဲ့တယ်။ သော်တာလဲ မိုးစက်ကိုရအောင် တွန်းဖယ်ပြီး

"မိုးစက်, နင်.. နင်အခုငါ့ကိုဘာလုပ်လိုက်တာလဲဟင်"

"နမ်းလိုက်တာလေ.. ကြိုက်လား"

"ဘာဖြစ်လို့-"

သော်တာစကားမဆုံးလိုက်ခင်မှာပဲ သော်တာ့နှုတ်ခမ်းပေါ် ထပ်မံရောက်လာပြန်တဲ့ နှုတ်ခမ်းနုနု ။ ဒီတစ်ခါတော့ သော်တာမတွန်းထုတ်ခဲ့ပါဘူး။ ခဏလောက်ကြာတော့မှ နှုတ်ခမ်းကနေခွာပြီး မိုးစက်.. သော်တာ့ကိုစိုက်ကြည့်ရင်း..
"အင်း..ကောင်းတယ်"

"မိုးစက်..ငါတို့က သူငယ်ချင်းအရင်းကြီးတွေလေ..ပြီးတော့မိန်းကလေး အချင်းချင်း.."

" အဲ့တော့ဘာဖြစ်လဲ။ ငါကအရင်ထဲက ငါတို့နှစ်ယောက်ဆက်ဆံရေးကို သူငယ်ချင်းထက်ပိုချင်နေတာလေ။ နင်သတိထားမိတယ်မလား..ဟင် သော်တာ"

"ငါက ငါ-"

"ဘာလဲ ပြောပါ"

"ငါလဲ..နင်နဲ့တူတူပဲ"

"တကယ်လား သော်တာ တကယ်လားလို့.."

ခေါင်းလေးငုံ့ပြီး

"အွန်း"




LecageWhere stories live. Discover now