Chapter 13

502 15 0
                                    

ဆရာမ စာသင်နေတာတွေ ခေါင်းထဲ တစ်လုံးမှ မရောက်။ အရှေ့နားမှ သော်တာ့ကို ငေးနေမိခြင်း။
"ဖြန်း"

ပိုင် ကိုယ့်ပါးကိုယ် တစ်ချက်ခပ်ဖွဖွ ရိုက်လိုက်မိတယ်။ level တန်းတွေအများကြီးကို သော်တာနှင့်မှ လာတူနေရသည်။ ဒါတင်မကသေး အခန်းချင်းပါတူနေတော့ ပိုင် ရူးချင်စိတ်ပင် ပေါက်သွားခဲ့တယ်။

"ဘာတွေ ငေးနေတာလဲ "

ဆရာမအသံကြားမှ ပိုင် တုံခနဲဖြစ်ကာ လှည့်ကြည့်လိုက်ချိန် ဆရာမက အနားမှာရပ်လျက်..။ အခန်းထဲမှ ကျောင်းသားများလဲ ပိုင့်ဆီသို့။ ထိုအကြည့်ပေါင်းများစွာထဲက သော်တာ့အကြည့်။ ခံပြင်းမှု။

ဆရာမ ဘာမှဆက်ပြောမနေတော့ဘဲ စာရွက်တွေလိုက်ဝေနေတယ်။ ဘေး ဝဲ ယာ ကိုကြည့်တော့ စာတွေကုန်းရေးနေကြတယ်။ ဆရာမ ရေးခိုင်းတာလားတော့မသိ။ ပိုင်ဘာလုပ်ရမလဲ မသိတာနှင့် ဘေးနားကကောင်မလေးကို မေးကြည့်တော့ ဘာတွေပြန်ပြောမှန်းမသိ။ ဒါကြောင့် သူများဆီက မရမက အဖြေတွေ တန်းစီကာခိုးချလိုက်ရတော့တယ်။စာသ်ချိန်ပြီးတော့ သော်တာ့ကို နှုတ်ဆက်မလို့ မသိချင်ယောင်ဆောင်တာ ခံလိုက်ရတော့လဲ မပြောတော့ဖို့ဘဲ ဆုံးဖြတ်လိုက်တယ်။

ချေတယ်လို့ဘဲထင်ပါစေတော့..သော်တာကိုယ့်ကိုကိုယ် တိုးတိုးလေးရေရွတ်မိတယ်။ မိုးစက်က ပိုင်နဲ့သိပ်မပက်သက်ပါနဲ့လို့ ပြောချိန်မှာ မပတ်သက်တော့ပါဘူးဟု ကတိပေးခဲ့သည်။ အဲ့အချိန်ကစပြီး ပိုင့်ကိုရှောင်နေခဲ့တာ။တစ်တန်းထဲတူနေတော့လဲ မတတ်နိုင်။ ခုချိန်အနားမှာ မိုးစက်ရှိမနေပေမဲ့လဲ ,သူမသိနိုင်ပေမဲ့လဲ, ကိုယ်ချစ်ရတဲ့သူကို ပေးခဲ့တဲ့ကတိက အပျော်သက်သက်မှ မဟုတ်ဘဲ

......................................

တစ်နေ့ခင်းလုံး လျှောက်လည်နေတာတောင် အခုညနေစောင်းအချိန်ထိ တက်ကြွစွာ စကားတွေ တတွတ်တွတ်ပြောနေတဲ့ မင်းမင်းကို ဇင်းကြည့်လိုက်ပြီး

"မမောသေးဘူးလား"

"ဟင် ဘာလို့လဲ"

တကယ် မသိသလို အူကြောင်ကြောင်ပုံလေးနှင့် မေးလာတဲ့ မင်းမင်းကို ဇင်းသက်ပြင်းတစ်ချက်သာ ချမိတော့တယ်။ ဖွေးဥနေတယ့် ပါးပြင်လေးပေါ်မှာ ချွေးစက်လေးပင် တွဲခိုနေပြီမို့..

LecageWhere stories live. Discover now