Chapter 15!

493 13 0
                                    

       ဇင်းမှာ အကိုရှိတာကိုကြားတော့ လန့်သွားမိတာ အမှန်ပါ။

"ခင်ဗျားမှာ အကိုရှိတယ်? အရင်းလား"

"အင်း "

"ဘယ်နှစ် နှစ်ကွာတာလဲ"

"2 နှစ်"

"အဲ့တာဆို ခင်ဗျားအကိုက-"

"ဘာလို့ငါ့အကို အကြောင်းတွေလာမေးနေတာလဲ။ သိချင်ရင် ကိုယ်တိုင်သွားမေး"

ထိုအချိန်မှာပဲ လူတစ်ယောက် ရောက်လာခဲ့တယ်။ တောင့်တင်းသော body အချိုးအစား။ pajama လေးပဲဝတ်ထားတာတောင် ထိုညအိပ်ဝတ်ဆုံနှင့် တစ်လောကလုံးကိုပတ်ကာ ခရီးထွက်လို့ရလော်သည်အထိ မိုက်နေ၏။  ဇင်းနဲ့ ရုပ်ချင်းသိပ်မဆင်ပေမဲ့ သူလဲချောမောနေခဲ့သည်။ စူးရှလွန်းတဲ့ ညိုမှိုင့်မှိုင့်မျက်လုံးများ။ ဇင်းအနားကို ရောက်လာတော့မှ သူကဇင်းထက် အရပ်မသိမသာလေးပိုရှည်နေသေးသည်။ ထိုသူက ဇင်းကိုမိတ်ဆက်ပေးလေဟု မျက်ရိပ်ပြလိုက်တယ်။ ဇင်းသက်ပြင်းချပြီး..

"ဒါက ပိုင်, သူငယ်ချင်း
  ပိုင်.....ဒါငါ့အစ်ကို ဇိုင်းသက်"

ဇိုင်းသက် ပိုင်ကိုကြည့်ကာ ပြုံးပြလိုက်တယ်။ ပိုင့်မျက်စိထဲတွင် သူ့အပြုံးကပူလောင်စေသလို ခံစားရတယ်။ ပိုင့်ကို ထိုအပြုံးနှင့် ဆက်ကြည့်နေသေးတာကြောင့် မနေတတ်မထိုင်တတ်နှင့် စိတ်ကျဥ်းကြပ်နေရသည်။ ဒါကိုရိပ်မိတယ့်ဇင်းက ပိုင့်လက်ကိုဆွဲကာ သွားဖို့ပြင်တော့..

"အိပ်တော့မလို့လား စောသေးတယ် game တစ်ခုခုကစားကြမယ်"

ဇင်းတစ်ချက်သာ လှည့်ကြည့်ပြီး ဘာမှပြန်မပြောဘဲ သွားတော့ ဇိုင်းသက် ပိုင်ရဲ့နောက်လက်တစ်ဖက်ကိုလှမ်းဆွဲလိုက်ပြီး ပိုင့်မျက်နှာနား ကပ်ကာ

"မအိပ်သေးဘူးမလား"

လက်ကိုင်သည်က အစဆန့်ကျင်ဘက်။ ဇင်းက လက်ကိုထိရုံလောက်မျှသာ ကိုင်ပေမဲ့ ဇိုင်းသက်ကတော့ တင်းကျပ်စွာ ဆုပ်ကိုင်ထားတာကြောင့် ပိုင်လက်နာလွန်းလို့ ရုန်းပေမယ့်ရုန်းလို့မရဘဲ ရှိသမျှ အင်အားတွေအကုန် အချုပ်ခံထားရသည့်အလား ။

"သူ့လက်ကို မကိုင်နဲ့ "

ဇင်းရဲ့စကားကို ဇိုင်းသက်အဖက်မလုပ်သည့် မျက်နှာထားနှင့်

LecageWhere stories live. Discover now