ဇင်းနဲ့ ပိုင် အခန်းတွင်တော့ တိတ်ဆိတ်နေရသည်ကိုမရှိ။ ပိုင် အရမ်းပျင်းနေပြီး ဟိုတယ်ရှေ့ထွက်ကာ လမ်းလေးဘာလေးလျှောက်ချင်တယ်။ ဇင်းကတော့ အခန်းထဲတွင် အေးဆေးနားနေချင်၏။ ခေါ်လို့မရတယ့်အဆုံး ပိုင်တစ်ယောက်ထဲသာ ဟိုတယ်အောက်ဆင်းလာခဲ့သည်။ တံခါးပေါက်ကြီးနားတွင် ပိုင် ခြေလှမ်းများ တုံ့ဆိုင်းသွားမိတယ်။ မိုးစက်နဲ့သော်တာ အတူစကားတွေပြောကာ ရယ်ရယ်မောမောနှင့် လမ်းလျှောက်နေကြသည်။
အခန်းထဲပြန်သွားရင် ကောင်းမလားတွေးပြီးမှ။ ဘာလို့သော်တာ့ကိုရှောင်နေရမှာလဲ ။ သူတောင်အေးဆေးလေး နေသေးတာဘဲ။ ခပ်တည်တည်နှင့် သော်တာတို့ လမ်းလျှောက်နေတယ့်နားတွင် လမ်းသွားလျှောက်နေ၏။ ထိုအချိန် မြတ်နဲ့လင်းလဲ့လဲ မုန့်ဝယ်ပြီး ပြန်လာကြသည်။
"မုန့်သွားဝယ်မလို့လား"
"မဟုတ်ပါဘူး ဒီတိုင်း, လမ်းလျှောက်ဖို့"
"အဲ့တာဆိုဘာလို့ ပိုက်ဆံတွေကိုင်ထားတာလဲ"
ပိုင့်လက်ထဲတွင် ကိုင်ထားသော ပိုက်ဆံအချို့က လိမ်လို့မရနိုင်။ တစ်ခါတစ်လေ မောင်နှမဆိုသော အမျိုးက ကိုယ့်ကိုအရှက်ခွဲဖို့ မွေးဖွားလာပုံရသည်။
ပိုင် အခန်းထဲကို အမြန်ပြန်ရတော့သည်။ ထိုနေရာမှာ ဆက်နေလျှင် ရှက်လို့သေသွားနိုင်၏။ အခန်းထဲကို ရောက်ရောက်ချင်း ကုတင်ပေါ်ပြေးတက်ကာ စောင်ကိုခေါင်းမြူးခြုံပတ်ထားတော့တယ်။"ဘာဖြစ်လာပြန်တာလဲ"
"သော်တာနဲ့တွေ့ခဲ့တာ ကျ ကျနော်သူ့အပေါ်စိတ်မပြတ်ဘူးဖြစ်နေတယ် ကိုယ့်ကိုကိုယ်လဲ နားမလည်တော့ဘူး , သူ့ကိုမချစ်ချင်တော့ဘူးဗျာ။ "
ဇင်းမျက်နှာရုတ်တရက်တည်သွားခဲ့တယ် ။
အဓိပယ် ပေါင်းများစွာရှိသောအကြည့်။ ထူးဆန်းစွာ တည်ငြိမ်လေးနက်သော အသံနှင့်"ပိုင်, ငါ့ကိုကြည့်"
ပိုင်မျက်နှာတွင်ဖုံးထားတယ့် banket အထူကြီးကို ခပ်ဖြေးဖြေး ဖယ်လိုက်ပြီး
"မင်းသူ့ကိုချစ်တယ်မလား သူ့မှာပိုင်ဆိုင်သူ ရှိတာကိုသိရက်နဲ့လေ။ ဆက်ချစ်လဲ မင်းဘဲ နာကျင်ရမှာ။ ဒါပေမယ့် အသိတရားတစ်ခုထဲက မချစ်တော့ဖို့ ဆုံးဖြတ်နေလဲ မရဘူးလေ။ အချိန်ဆိုတာလိုအပ်တယ်။ အဲ့တော့ ကိုယ့်ကိုကိုယ်တွန်းအားအရမ်းမပေးပါနဲ့"
YOU ARE READING
Lecage
Romancelgbt. yaoi.yuri. teenage story. 18+. ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ပျက်ကြတဲ့ အချစ်ဇာတ်လမ်း လေးတွေပါ.. ရိုင်းတဲ့စာလုံးတွေပါခဲ့ရင်sry.