Chapter 20

352 13 0
                                    

     ပိုင် တို့နားကို မင်းမင်းရောက်လာပြီး

"သွားတော့မယ်လေ ဒီမှာနေရတာ နည်းနည်းအေးလာသလိုဘဲ"

ဒီတော့မှ ဇင်းလဲသတိရသွားပုံ

"အော် ဟုတ်သားဘဲ သွားကြမယ်"

အားလုံး ကားထဲရောက်နေကြပြီ။ ပိုင် နဲ့ မင်းမင်းကလွဲလို့။ ကားမောင်းသူဘေးနားမှ အရှေ့ခုံလေးကို လုနေကြသည်။

"ငါဒီမှာထိုင်ပေးမယ် မင်းအနောက်မှာ အေးဆေးသွားထိုင်ပါ"

ပိုင့်စကားကို မင်းမင်းသိပ်သဘောတူချင်ပုံမရ။

"ရပါတယ် ကျနော်အရှေ့မှာ ထိုင်လိုက်ပါမယ်"

ဇင်းလဲ ဘာလုပ်ရမလဲသိ အတော်ခေါင်းစားနေတယ်။ ဒါကြောင့် မြတ်ကိုလှည့်ကြည့်ပြီး ဝင်ပြောဦးလေလို့ အချက်ပြတော့

"မင်းမင်း , ငါတို့နဲ့ဘဲ လာထိုင်ပါလား"

အဲ့တော့ လင်းလဲ့ အလန့်တကြားဝင်ပြောတယ်။

"မဟုတ်ဘူး , မင်းမင်းကိုအရှေ့ခုံမှာ ထိုင်ခိုင်းလိုက်"

မြတ်နဲ့ လင်းလဲ့ တစ်ယောက်ကိုတစ်ယောက် နားမလည်သလို ကြည့်ပြီး

"မင်းမင်း ထိုင်ရမှာမဟုတ်ဘူးလား"

"ငါ့အစ်ကို ပိုင် ထိုင်ရမှာ "

"မင်းမင်းလို့"

"ပိုင် လို့"

"မင်းမင်း"

"ဟာ ပိုင် ပါဆိုမှ"

သူတို့နှစ်ယောက်ကို မေးပါသည်ဆိုမှ ထိုင်ငြင်းနေကြ၏။ အချိန်မရှိတာကြောင့် လင်းလဲ့ ဇင်းကိုသာရွေးခိုင်းလိုက်တယ်

"ပိုင်လား မင်းမင်းလား တစ်ယောက်ယောက်ကို အမြန်ရွေးလိုက်တော့ , မဟုတ်ရင်ဒီကားပေါ်မှဘဲ သောင်တင်နေတော့မယ်"

အားလုံးဇင်းဘာပြောမလဲ နားစွင့်နေကြသည်။ ဇင်းအကြံရခက်စွာ ခေါင်းစိုက်ချထားရင်း

"ပိုင်"

မင်းမင်းအပြုံးမပျက်စွာ အနောက်ခန်းတွင်ထိုင်လိုက်တယ်။ လင်းလဲ့ကတော့ မျက်နှာမကောင်းလှ။
ပိုင်က မင်းမင်းကိုအနောက်မှာသာထိုင်နေစေချင်ပေမယ့် တကယ်သွားတော့လဲ..။ ဇင်းကပိုင့်နာမည်ခေါ်လို့ ပျော်သွားပေမယ့် မင်းမင်းအတွက်စိတ်မကောင်း။

LecageWhere stories live. Discover now