Chapter 19

347 12 0
                                    

  ခရီးသွားဖို့ အကုန်စိတ်လှုပ်ရှားနေကြသည်။ ကားနှစ်စီးခွဲကာ ကိုယ်တိုင်မောင်းပြီးသွားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒေါ်သဇင်ဟန်, ဦးဟန်ထူးနိုင်, မြတ် နဲ့ လင်းလဲ့တို့က တစ်စီး။  ဇင်း , ပိုင် , မင်းမင်း , သော်တာ နဲ့ မိုးသက်တို့ တစ်စီး။
    အခုတော့ ခရီးသွားဖို့ 2 ရက်လောက်သာ လိုတော့၏။ ပိုင် မပြီးနိုင်မပြတ်နိုင် စိတ်လှုပ်ရှားမှုတွေကို ရင်ဖွင့်နေတယ်။ ရက်နီးလာလေ စကားပိုများလာလေဖြစ်တယ်။ သူပြောသမျှများကိုလဲ နေ့တိုင်းနားထောင်နေရသော ဇင်း။

"ဟာ အချိန်တွေအရမ်းကြာ တယ်ဗျာ "

"အေး ငါ့ရဲ့ပါဝါနဲ့ အချိန်တွေမြန်အောင် လုပ်ပေးမယ်"

"နောက်နေသေးတယ်။ ပြီးတော့ ကျွန်တော်တို့ သွားမယ့်ကားမှာ ကားမောင်းတယ့်လူ ရှာနေတုန်းဘဲတယ့်။   driver မရရင်တော့ သွားပါပြီ"

"ဒါဆိုငါ driver လုပ်ပေးမယ်"

"သူများအတည်ပြောနေတာကို လာနောက်နေတယ်"

"ဘာလဲ မယုံဘူးပေါ့"

"လိုင်စင်ပြလေ "

"အခုတော့ မပါလာသေးဘူး သွားယူလိုက်မယ် ခဏစောင့် "

ဇင်း အမြန်ပြေးထွက်သွားသည် ။ မယုံတစ်ဝက် ယုံတစ်ဝက်နှင့် ပိုင် စောင့်နေလေ၏။ ခဏအကြာပြန်ရောက်လာတယ်။

"ဒီမှာ ရော့ "

ဇင်းပေးတယ့် လိုင်စင်ကတ်ပြားလေးကို ပိုင်သေချာစွာကြည့်ပြီး

"ဒါကိုဘာလို့ ကျနော့်ကိုမပြောပြတာလဲ "

"မင်းမှ မမေးတာ"

"မမေးလဲ ခင်ဗျား"

"ထားလိုက်ပါ အဲ့တာအရေးမကြီးဘူး ငါမောင်းလို့ရလား မင်းအဖေကို မေးလိုက်လေ"

"အွန်း မေးလိုက်မယ် ဟူး တော်သေးတာပေါ့ ကားမောင်းမယ့သူ မရှိလို့ မြတ်တို့သွားမယ့်ကားကို တွယ်ဖက်ပြီး လိုက်ရမယ် ထင်တာ"

တော်တော် စိတ်ပူတတ်တာဘဲဟု တွေးပြီး ဇင်းရယ်မိသွားတယ်။

"ငါ့ကားနဲ့သွားမယ်လေ, မင်းကား ဘာအရောင်ကြိုက်လဲ "

"ခင်ဗျားမှာ ဘယ်နှစ်စီးတောင်ရှိတာလဲ"

LecageWhere stories live. Discover now