မနက်ပိုင်း စောစောအချိန် မိုးစက် ..သော်တာ့အမေ ဒေါ်ခင်၀ေကို ဖုန်းဆက်လိုက်သည်။
"ဟဲလို အန်တီ မိုးစက်ပါ"
"အေး သမီး ပြော"
"ဟိုဟာလေ ဒီနေ့ည အန်တီ့မွေးနေ့လုပ်မယ့် အိမ်ကို သော်တာရော သွားမှာလား"
"ဟုတ်တယ် ဟုတ်တယ်၊ သွားမှာ သမီးလဲအန်တီတို့နဲ့ တစ်ခါထဲ အတူလိုက်ခဲ့လိုက်လေ"
"ရပါတယ် သမီး ကိုယ့်ဘာသာဘဲ လာတော့မယ်။ နည်းနည်းနောက်ကျမှာ မို့လို့ ။"
"ဟုတ်လား ။ အော်..ဒါနဲ့ သမီးဆို အစောကြီးနိုးနေပြီ။ သော်တာကတော့ အိပ်ပုပ်ကြီးတုန်း"
"အန်တီ တို့အိမ်ကို အခုလာလို့ရလား"
"လာလို့ရတယ်။ လာ လာ.. ဒါပေမယ့် မိုးသိပ်မလင်းသေးတော့ နည်းနည်းမှောင်နေတယ်နော် သမီးတစ်ယောက်ထဲရလား အန်တီလာခေါ်ပေးရမလား"
"ဟုတ် တစ်ယောက်ထဲ ရပါတယ်။ အဲ့တာဆို သမီးအခုလာခဲ့ပြီနော် အန်တီ"
မနက်စောစောမို့ လမ်းပေါ်မှာ လူသိပ်မရှိ ။ အားကစား လုပ်နေသူ နည်းနည်းပါးပါး လောက်သာ။ သော်တာ့ကို surprise လုပ်ဖို့ အကြောင်းတွေးရင်း မိုးစက်ထိုနေ့ည လုံးဝ အိပ်မပျော်ခဲ့ ... သော်တာ ဘယ်လိုအမူအရာလုပ်ပြီး ဘာပြန်ပြောမလဲ ဆိုတာ စဥ်းစားရင်း သော်တာ့အိမ်ကို အမြန်လျှောက်ကာ သွားနေတယ်။
သော်တာ့ အိမ်ကို ရောက်တော့ ဒေါ်ခင်ဝေက သော်တာသူ့အခန်းထဲမှာ အိပ်တုန်းလို့ လှမ်းပြောလိုက်သည်။ မိုးစက် ..သော်တာ့အခန်းဆီ အမြန်သွားပြီး သော်တာမနိုးအောင် အခန်းတံခါးကို ဖြည်းဖြည်းဖွင့်ကာ ဝင်လာတယ်။
ထိုင်ခုံတစ်ခုကို အသံမကြားအောင် ယူပြီးသော်တာ့ ကုတင်ဘေးမှာ ထိုင်ကာ သော်တာ့မျက်နှာလေးကို စိုက်ကြည့်နေမိသည်။ ဖြူဖြူဖွေးဖွေး ဖောင်းဖောင်းအိအိ ပါးလေးကို မြင်တော့လဲ မနေနိုင်ဘဲ တစ်ချက်နမ်းကာ ခပ်ဖွဖွကိုက်လိုက်မိတယ်။ သော်တာမနိုးသွားတာ တော်ပါသေးသည်။ သော်တာအိပ်နေတာလေးကို ဒီတိုင်းကြည့်နေတာ နာရီဝက်နီးပါးလောက်ပင် ရှိသွားခဲ့ပြီ။ ပျင်းဖို့မကောင်း။ မိုးစက် အမှန်ဆို သော်တာ့ကို အမြဲတမ်း တစ်စိမ့်စိမ့် ကြည့်နေချင်ခဲ့တာ..ထိုင်ခုံကို နေရာတွင် ပြန်ထားပြီး မိုးစက် အခန်းထဲမှ တိတ်တိတ်လေး ပြန်ထွက်သွားခဲ့တယ်။ ဧည့်ခန်းမှာ ထိုင်နေတယ့် ဒေါ်ခင်ဝေ ..မိုးစက်ပြန်ထွက်လာတာမြင်တော့"သမီး ..သော်တာမထသေးဘူးလား၊ မနိုးသေးတာလား
အိပ်နေတုန်းပါ ဟုတ်""အော် သမီးရောက်နေတယ့်ဟာကို နှိုးလိုက်လေသူ့ကို
ရပါတယ် မနှိုးတော့ပါဘူး သူအိပ်ပါစေ ၊ သမီးလဲ ပြန်တော့မှာဆိုတော့""ဟင် ပြန်တော့မလို့လား ဒီမှာ breakfast စားသွားဦးလေ"
"မစားတော့ပါဘူး အန်တီ။ ဟို.. သမီးလာတာ သော်တာ့ကို မပြောပါနဲ့နော် သူ့ကို မသိစေချင်လို့ပါ"
"အေး အေး မပြောဘူး စိတ်ချ"
သူ့မှာလဲ အကြောင်းရှိလို့နေမှာပါဟု ဒေါ်ခင်ဝေ ဘာဖြစ်လို့လဲ အကြောင်းရင်းတွေလိုက်မမေး။ ဒါကြောင့်လဲ မိုးစက် ..ဒေါ်ခင်ဝေကို အမေအရင်းလို သဘောထားဆက်ဆံသည် ။ တကယ်လဲ ဒေါ်ခင်ဝေ မိုးစက်လာသွားသည့်အကြောင်း စကားတစ်ခွန်းမှမဟ။
အချိန်တွေကို ငြီးငွေ့စွာ ဖြတ်သန်းရင်း ည9နာရီ ထိုးခံနီးကို ရောက်ရှိလာတယ်။ အိမ်ကနေ မိုးစက်အမြန်ထွက်လာခဲ့တယ်။ ဒီနေ့ သော်တာ့ကိုမနက်က တစ်ခါဘဲ ခဏသာမြင်ရသေးတာမို့ မိုးစက်အရမ်းလွမ်းနေခဲ့သည်။ party လုပ်မယ့်အိမ်ကိုလှမ်းမြင်နေရပြီ။လမ်းလျှောက်ဖို့ စိတ်မရှည်တော့တာကြောင်း အမြန်ပြေးသွားခဲ့တယ်။ အိမ်ရှေ့ကို အမောဟိုက်ကာ ရောက်လာချိန်မှာဘဲ မြင်လိုက်ရတယ့် မြင်ကွင်း။
သော်တာ..သော်တာက ပိုင် နဲ့အတူထိုင်ရင်း သူတို့နှစ်ယောက် နှုတ်ခမ်းချင်း နမ်းနေကြတယ်။ ဘယ်တုန်းကမှ မသိတယ့်လူတွေနဲ့ ရောရောနှောနှော အနေတတ် တယ့် သော်တာ။ သူအရင်က သိခဲ့တယ့် သော်တာမှ ဟုတ်ရဲ့လားဟု မိုးစက်မျက်စိ နှစ်ဖက်ကိုပွတ်ကာ ပြန်ကြည့်မိတယ်။ ဟုတ်ပါသည်။ သော်တာပါပဲ ..သူ့ဘေးနားကကောင်...
ဒေါသထွက်ကာ သူတို့ဆီပြေးသွားမလို့ ဟန်ပြင်ချိန်မှာပင် ဝမ်းနည်းမှုတွေ ရုတ်တရက် ကြီးဆိုးသွားခဲ့တာကြောင့် မျက်ရည်အချို့ ကျဆင်းလာသည်။ တော်ရုံ မငိုတတ်တဲ့ မိုးစက်လဲ အခုမျက်ရည်များနှင့်..။ မိုးစက် တွေဝေနေခဲ့တယ်။ သော်တာ့ဆီမသွားချင်တော့ဘူး ။ အရင် အချိန်တွေတုန်းက မိုးစက် စိတ်ပင်ပန်းပြီး ဝမ်းနည်းချိန်တိုင်း သော်တာ့ဆီသွားပြီး ရင်ဖွင့်နေကျ။
သူ့နှစ်သိမ့်မှုက ချိုမြတယ် ။ သူ့နှစ်သိမ့်မှုနောက်ကွယ်မှာ နူးညံ့မှု ၊ ချိုသာမှု နဲ့ တစ်ကယ့်အချစ်စစ်တွေ ရှိမယ်လို့ မိုးစက်ယုံကြည်ခဲ့ဘူးတယ်။အခုတော့ စိတ်ဒဏ်ရာ ပေးသူက သော်တာကိုယ်တိုင် ဖြစ်နေခဲ့သည်လား။ မိုးစက်အတွေးများကို ကြိုးစားရပ်ကာ ထိုင်ခုံလေးပေါ်မှ သော်တာနှင့် ဘေးကပုင် ကိုကျောခိုင်းကာ အလာတုန်းကနှင့် ဆန့်ကျင်ဘက် ခြေလှမ်းတွေ နှေးကွေးစွာ လျှောက်လှမ်းရင်း...
YOU ARE READING
Lecage
Romancelgbt. yaoi.yuri. teenage story. 18+. ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ပျက်ကြတဲ့ အချစ်ဇာတ်လမ်း လေးတွေပါ.. ရိုင်းတဲ့စာလုံးတွေပါခဲ့ရင်sry.