Chapter 10!!!

1.4K 19 0
                                    

     သော်တာ ပိုင့်ကိုတွန်းလိုက်ပြီး ..

"ဘာလို့ အဲ့လိုလုပ်တာလဲ"

"sry နော် စိတ်ဆိုးသွားတာလား"

"စိတ်ဆိုးတယ် နောက်အဲ့လိုလာမလုပ်ပါနဲ့"

     သော်တာ...ရုတ်တရက် မိုးစက်ကို လွမ်းလာတာမို့ ဖုန်းဆက်လိုက်တယ်။ မိုးစက်အနားမှာ ရှိနေသလို ဖုန်းသံက အရှေ့နားလောက်မှ ကြားနေရတယ်။ ဖုန်းသံကြားတယ့် နောက်ပြေးသွားရင်း အရှေ့မှာ မိုးစက်နှင့် တူတယ့်တစ်ယောက်ကို ခပ်ရေးရေးမြင်နေရတယ်။ ဖုန်းသံကလဲ သူ့ဆီကလာနေသည်မို့ မိုးစက်ဆိုတာ သေချာသွား ခဲ့တယ်။
    မိုးစက်ဘာလို့ ခေါင်းငိုက်စိုက်ကာ ခြေလှမ်းကျဲများ  နှင့် party ကိုလာရမယ့်လမ်းရဲ့ ဆန့်ကျင်ဘက်လမ်းကို သွားနေလဲဆိုတာ သော်တာမသိ။ မြန်ဆန်တဲ့ ခြေလှမ်းတွေကို အမြန်လိုက်ပြီး ..

" မိုးစက် မိုးစက်"

ခေါ်သံကြားတော့ မိုးစက်အနောက်ကို တစ်ချက်လှည့်ကြည့်လိုက်တယ်။ သော်တာ့ကို မြင်တော့ ခြေလှမ်းများက ပိုပြီးမြန်ဆန်သွားခဲ့သည်။ မိုးစက်လှည့်ကြည့်လိုက်တုန်းက မျက်နှာမှာ မျက်လုံးတွေ, ပါးတွေနီရဲကာ ငိုထားမှန်း သော်တာသိလိုက်တယ်။
  ရှားပါးလွန်းတယ့် မြင်ကွင်း။ စိတ်ခံစားချက်တွေကို မြိုသိပ်ထားလေ့ရှိတယ့် အခု မျက်ရည်တွေကျကာ ငိုနေခဲ့ပြီ။ ငယ်ငယ်ထဲက မိုးစက်ငိုတယ့် အချိန်တွေက လက်ချိုးရေလို့ ရသည်အထိနည်းသည်။ အခု ငိုနေတယ်ဆိုတာ သူတစ်ခုခု များဖြစ်လို့လားဟု သော်တာစိတ်ပူသွားမိတယ်။
  အသက်ပင်မရှူအားပဲ သော်တာ...မိုးစက်နောက် အမြန်ပြေးလိုက်သွားပြီး မှီသွားတယ်။ မိုးစက်မထွက်သွားအောင် ခါးကိုတင်းတင်းကြပ်ကြပ်ဖက်ထားရင်း

"မိုးစက် နင်ဘာလို့ငိုနေတာလဲဟင် ငါ့ကိုပြောလေ ဝမ်းနည်းတိုင်း ငါတို့ တစ်ယောက်ကိုတစ်ယောက် ရင်  ဖွင့်မယ်လို့ ကတိပေးထားတယ်လေဟာ "

မိုးစက်ဘာမှ ပြန်မပြော။ သော်တာ့မျက်နှာကိုလဲ မ   ကြည့်ဘဲ အခြားတစ်ဖက်ကိုမျက်နှာလွှဲနေတယ်။ ခါးကိုလာဖက်တဲ့ သော်တာ့လက်လေးတွေကို တွန်းဖယ်လိုက်ပြီး...

LecageWhere stories live. Discover now