Chapter 14

425 11 0
                                    

  ဒေါ်သဇင်ဟန် စာရွက်တွေ ဖုန်းတွေနှင့် အလုပ်ရှုပ်နေသည်မှာ 3 ရက်လောက်ရှိပြီ။

"မားး အဲ့စာရွက်တွေက ဘာအတွက်လဲဟင်"

"အော် ခရီးသွားဖို့ရှာထားတာ"

"ခရီးသွားမယ်? "

"အေးလေ နွေရာသီ ကျောင်းတွေလဲပိတ်တယ်။ ပြီးတော့ အတူခရီးမသွားရတာ ကြာပြီမလား။ "

မြတ် ခရီးမသွားချင်ပါ ။ ကျောင်းပိတ်တုန်း အိမ်ထဲမှာပဲ game ဆော့လိုက် anime ကြည့်လိုက်နှင့် နှက်နေချင်တာ။ ပိုင်လဲ ဒီအကြောင်းသိ ပြီးပြီလားဟုမေးရန် အပေါ်ထပ်ကို ပြေးတက်ကာ ပိုင့်အခန်းတံခါးကို ဆွဲဖွင့်လိုက်တယ်။

"ဟဲ့ မြတ်မ နင်တံခါးကို မဖွင့်ခင် ခေါက်ရမယ် ဆိုတာမသိဘူးလား၊ နင့်ကို ဘယ်နှခါပြော-"

"အာ   လျှာရှည်လိုက်တာ။ ပြောမယ့်စကားတောင်မေ့သွားပြီ"

"မေ့သွားရင်လဲ မပြောနဲ့တော့"

"သတိရပြီ။ မာမားကလေ ခရီးသွားဖို့တယ့် စီစဥ်နေတယ်"

"ကောင်းတာပေါ့ ငါလဲသွားချင်နေတာ အိမ်မှာနေရတာ ပျင်းစရာကြီး"

ခရီးမသွားချင်လို့ အဖော်ညှိဖို့ လာရှာပါတယ်ဆိုမှ သူကပါ ကောင်းတာပေါ့တယ့်။ မြတ်လဲ ပိုင့်တံခါးကို  တမင်ဆောင့်ပိတ်ကာ ထွက်သွားတယ်။ ခရီးကသွားရမှာလဲ သေချာနေခဲ့ပြီ။ လူနည်းနည်းလေးသွားမယ်ဆိုရင် ပျင်းဖို့ကောင်းနေမှာ အသေအချာ။ လင်းလဲ့တို့ သော်တာတို့ကိုပါ ခေါ်ချင်တာကြောင့် ဒီနေ့ည မားကို မရမကမေးဖို့ မြတ် ဆုံးဖြတ်ချက်ချလိုက်တယ်။
ညစာစားရန် စားပွဲတွင် ကိုယ့်နေရာနှင့်ကို ဝင်ထိုင်ပြီး ဖြစ်ကြသည်။

"ခရီးသွားဖို့ သိပြီးကြပြီမလား"

ပိုင် ခေါင်းငြိမ့်ပြပေမယ့် မြတ်ကတော့ ဒေါ်သဇင်ဟန်ကို ကြည့်ကာ ပြောသင့်မပြောသင့် အချိန်ကောင်းစောင့်နေလေရဲ့။

"ငပလီသွားဖို့ ဟိုတယ်မှာလဲ ဘိုကင်လုပ်ပြီးပြီ"

မြန်ဆန်လိုက်ကြခြင်း ။ မြတ်လဲ အခုသာမေးလိုက်တော့မယ်ဟု ဆုံးဖြတ်လိုက်တယ်။ အခုမှမမေးရင် ဘယ်တော့သွားမေး ရမှာလဲ

LecageWhere stories live. Discover now