Chapter 4

1.9K 28 0
                                    

အဆင်မပြေဘူး..။ အရမ်းချမ်းနေခဲ့သည်။ ခေါင်းတွေလည်းမူးပြီး ကိုယ်တွေပူနေတယ်။ တစ်ကိုယ်လုံးကို ထိန်းချုပ်ခံနေရသလို... ကုတင်ပေါ်မှာ သော်တာငြိမ်သက်စွာ လှဲနေတယ်။ စောင်ကိုတစ်ကိုယ်လုံးပတ်ခြုံထားပြီး ငြီးနေမိသည်။ ကျောင်းမသွားတာမှန်သွားတယ်။ မဟုတ်ရင် မိုးစက်ကို ကူးသွားနိုင်သည်လေ ..မိုးစက်ဆိုတာ အနားမကပ်နဲ့ဆိုရင် နားထောင်မယ့်သူမျိုးမဟုတ်မှန်း သော်တာသိတယ်။ ဒါပေမယ့်လည်း တစ်ချိန်ထဲမှာ မိုးစက်ကိုလွမ်းနေမိပြန်တယ်။ ဒီအချိန်မှာ မိုးစက်ကို ဖက်ထားချင်မိသည်။

"သော်တာ့ကိုသတိရတယ် ။ အရမ်းသတိရတယ် ဟင့်...ဟင့် သော်တာရှိရင်ကောင်းမှာပဲ "

ဝမ်းနည်းစိတ် ဖြည်းဖြည်း ကြီးမားလာခဲ့တယ်။ ပါးပြင်ပေါ် ကျလာခဲ့တယ့် မျက်ရည်စက် နွေးနွေး တချို့။
တံခါးဖွင့်သံတစ်ချက် ကြားလိုက်သည်။ မေမေ၀င်လာတာပဲဟု သော်တာ မျက်ရည်တွေကိုသုတ်လိုက်တယ်။
သော်တာ့ နဖူးကိုစမ်းကြည့်ပြီး ဆံပင်ကို ခပ်ဖွဖွသပ်ပေး နေသည်။ သော်တာမျက်လုံးဖွင့်ကြည့်လိုက်ချိန် ရေးရေးလေးပြုံးကာ ကြည်နူးစရာ မျက်လုံးများနဲ့ကြည့်နေတယ့် မိုးစက်...

"မိုးစက်..မိုးစက်နင်ငါ့ဆီလာတာလား"

"နင့်ဆီမလာလို့ ဘယ်သူ့ဆီလာရမှာလဲ အရူးမလေးရဲ့"

"သော်တာအရမ်းပျော်သွားခဲ့သည်။ မျက်နှာမှာပင် ရပ် တန့်လို့မရဘဲ ပြုံးပြုံး ပြုံးပြုံး ဖြစ်နေမိတယ်။ "

"နင်ဆေးသောက် ပြီးပြီလား ကိုယ်တွေ တော်တော်ပူနေတယ်နော် အရင်ကလို ဆေးသောက်ဖို့ပတ်ပြေးနေတုန်းလား။ ငါလိုက်ဖမ်းရဦးမှာလား။"

"ဟီး. မိုးစက်......"

"ဟင် ဘာလဲ ပြောလေ"

"ဟို...."

"ဘာဖြစ်လို့လဲနေလို့မကောင်းဘူးလား"

"မဟုတ်ဘူး..နင်ငါ့ကိုဖက်ထားပေးပါလား"

ကိုယ့်ဘာကိုယ်ပြောပြီး သော်တာရှက်လို့သေပါတော့မယ်။ ရုတ်တရက်နွေးသွားသည်။ မိုးစက်ဆီက ရတယ့်အနွေးဓာတ်.. ။ ကိုယ်သင်းနံ့သင်းသင်းလေးကိုလဲ ရနေတယ်။ တင်းတင်းကြပ်ကြပ် ဖက်ထားနေမိသည်။ သော်တာအလွန် ချမ်းနေပေမယ့် ကိုယ်အပူချိန်ကတော့ အတော်ပူနေတာကို သတိရပြီး ..

LecageWhere stories live. Discover now