ပိုင် ဖန်ခွက်တစ်ခုကို ယူရန်လက်လှမ်းနေခဲ့ပြီ။ ဇင်းလဲ မသောက်ဖို့တားချင်ပေမဲ့ ဒါ ပိုင်ရဲ့ကိုယ်ပိုင် ရွေးချယ်ခွင့်မလား။ ဒီလိုလွယ်ကူလှတယ့် dare လေးအတွက် ဖန်ခွက်တွေ ရွေးကာစွန့်စားနေရတာ တန်ပါရဲ့လား။ နွေးထွေးချိုမြိန်မှုနှင့်အတူ ဇင်းရဲ့နှုတ်ခမ်းပေါ်သို့ နူးညံ့သောနှုတ်ခမ်းလေးတစ်စုံ။
ပိုင်က ဇင်းကိုနမ်းဖို့ ရွေးချယ်လိုက်တာမို့ ဇိုင်းသက်လဲ timer စမှတ်လိုက်သည်။နှုတ်ခမ်းသားများကို စုတ်ကာအဆက်မပြတ်နမ်းနေခဲ့တယ်။ ထိထားရုံလေးနှင့်လဲ ရပင်မယ့် ပိုင်ဘာကြောင့်ဒီလိုနမ်းနေလဲဆိုတာ ဇင်းနားမလည်။ သို့ပေမယ့် ဆွဲငင်နိုင်လွန်းတယ့် နမ်းရှိုက်မှုအောက် ဇင်းလဲအလိုက်သင့်ပြန်နမ်းနေမိတယ်။ စိုစွတ်နွေးထွေးသော ခံစားချက်နှင့်အတူ ဇင်းရဲ့လျှာကိုပါ လာရောက်ထိတွေ့လာသော ပိုင်ရဲ့လျှာဖျားလေး။ ဇင်းလဲ အလိုလိုပင် ပိုင်ရဲ့ဆံပင်ကိုထိုးဖွကာ ကိုင်နေမိတယ်။ သူတို့နှစ်ယောက်မသိတာလား , မေ့ထားတာလားတော့မသိ, အရှေ့တွင် ဇိုင်းသက်ထိုင်နေသည်ကို။
"ရပ်လို့ရပြီ အချိန်ပြည့်ပြီ"
ဇိုင်းသက်အသံကြားတော့မှ နှစ်ယောက်လုံးနမ်းတာ ရပ်လိုက်ကြသည်။ ပိုင်ကတော့ ရှက်ကန်းကန်းဖြစ်နေတော့၏။ ပိုင် first kiss ကိုဒီလိုဖြစ်ပျက်သွားလိမ့်မယ်ဟု ထင်ကိုမထင်ထားပါ။ သူအရင်စလိုက်ပေမယ့် shock ရနေသည်။
"လှည့်လေ"
တတိယပွဲစရန်အတွက် ပိုင် ပုလင်းကိုလှည့်လိုက်သည်။ ဇင်း နဲ့ ပိုင် ကတော့ဇိုင်းသက်ကို ရှုံးစေချင်နေသည်မှာ မျက်နှာတွင် အတိုင်းသား။ လက်စားပြန်ချေရန်အတွက် ပုလင်းကိုဇိုင်းသက်ရှေ့ကျရန် ပြိုင်တူဆုတောင်းနေကြတယ်။ သို့သော် နှစ်ယောက်လုံး ဆုတောင်းမပြည့်ခဲ့။ တတိယပွဲ၏ ကံဆိုးရှင်မှာ ပိုင် ။ ဘယ်သူကတော့ ကိုယ့်ဘာသာလှည့်ပြီး ကိုယ့်ကိုကိုယ် ပြန်ကျမယ်လို့ ထင်ထားလေမလဲ။ ဇိုင်းသက်လဲ ဘာခိုင်းရမလဲ စဥ်းစားလို့ရသွားပုံပင်။
"မင်းရဲ့နှုတ်ခမ်းကို မီးနဲ့ 5 second တို့ထားရမယ်"
"ဘ ဘာလို့လဲ "
YOU ARE READING
Lecage
Romancelgbt. yaoi.yuri. teenage story. 18+. ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ပျက်ကြတဲ့ အချစ်ဇာတ်လမ်း လေးတွေပါ.. ရိုင်းတဲ့စာလုံးတွေပါခဲ့ရင်sry.