အပိုင်း-၂၇ .(အပိုင္း-၂၇)

5.3K 283 6
                                    

"အင့်ဟင် မဖြစ်နိုင်ဘူး။ ပါစစ်ကျွန်တော်ကိုမချစ်သင့်တော့ဘူး။ ဒီစကားကိုသာ စစ်ကြားသွားရင်ဘယ်လိုလုပ်မလဲ။"

စစ်မင်းရောင်နားနှစ်ဖက်ကိုလက်နဲ့တင်းကျပ်စွာအုပ်ထားသည်။ သူတို့နှစ်ယောက်လုံးအတွက် ဒီစကားတွေကမလိုတော့ပါ။ မဖြစ်နိုင်တော့ပါ။ စစ်မင်းရောင်ပါးပြင်ပေါ်သို့ မျက်ရည်များအဆက်မပြတ်စီးဆင်းလို့နေသည်။ မျက်ရည်များအကြားမှလဲ ခေါင်းကိုတသွင်သွင်ခါးရမ်းနေတော့သည်။ သူနားကြားမှားတာဖြစ်ပါစေ။ သူအိပ်မက်တစ်ခုဖြစ်ပါစေလို့သာ ဆုတောင်းနေမိသည်။ သူ့ဆုတောင်းတို့ကပြည့်မလာခဲ့ပါ။ သူမျက်လုံးဖွင့်ကြည့်လိုက်တော့ ပါစစ်ရင်ခွင်ထဲရောက်လို့နေသည်။

"လွှတ်စမ်း..."

သူကျယ်လောင်စွာအော်ဟစ်လိုက်သည်။

"ကျွန်တော်ကိုအထင်သေးလိုက်တာလားပါစစ်။ ဘာလဲကျွန်တော်က သူများမိသားစုကိုဖျက်ဆီးတဲ့ကောင်အဖြစ်နဲ့ ပတ်ဝန်းကျင်မှာရှိနေစေချင်တာလား။ တော်ပါတော့ဗျာ။ ကျွန်တော့နှလုံးသားလေးအရမ်းကိုနာကျင်လွန်းနေပြီ။ တကြိမ်တစ်ခါလောက်နဲ့ လုံလောက်နေပြီမို့ ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ကြရအောင်။ သရဖီရွှေခိုင်ဆိုတာပါစစ်ရဲ့တရားဝင်ဇနီးဆိုတာကိုမမေ့ပါနဲ့။ ပြီးတော့ကျွန်တော်တို့ ဒီထက်ပိုပြီးတွေ့စရာအကြောင်းမရှိတော့ပြီမို့ ကျွန်တော်ရှိတဲ့နေရာတိုင်းမှာ ပါစစ်အရိပ်အယောင်တောင်မတွေ့ပါရစေနဲ့။"

စစ်မင်းရောင်ပြောပြီး လှည့်ထွက်ကာပြေးထွက်လာခဲ့သည်။ သူ့ရှေ့မှာရှိနေသော လင်းကိုပင်ဂရုမစိုက်ချင်တော့။ အခုချိန်မှာ သူရေငွေ့တွေလို အငွေ့ပျံကာပျောက်ကွယ်သွားချင်မိသည်။

"ကျွန်တော်တို့နှစ်ယောက်ကမှားယွင်းစွာတွေ့ဆုံခဲ့ကြတယ်။ ပြီးတော့မှားယွင်းစွာချစ်မိခဲ့ကြတယ်မဟုတ်လား။"

ကိုစစ်နောက်သို့ပြေးလိုက်လာတဲ့ ဒီပါစစ်မှုးရှေ့သို့လရောင်လင်းပိတ်ရပ်လိုက်သည်။ ဒီအချိန်မှာသူလုပ်နိုင်သောအရာကတစ်ခုထဲရယ်။ ကိုစစ်ကိုနောက်ထပ်နာကျင်စေသောအရာမှန်သမျှကို သူဖယ်ရှားပေးရမည်။

ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ