အခန်း-၃ .(အပိုင္း-၃)

9K 557 1
                                    

Unicode

ဒီအချိန်ဆို ဦးရွှေလှရပ်ကွက်ရဲ့ ကန်ဘောင်ဘေးတွင် လမ်းလျှောက်နေကျဆိုတာကို စစ်မင်းရောင်တို့သုံးယောက်လုံး သိထားပြီးသားမဟုတ်လား။ ထို့အပြင်ဦးရွှေလှက ရပ်ကွက်ထဲက လူအချို့နဲ့တွေ့လျှင် သူအိမ်ထဲမှာ စားပင်သီးပင်တွေကို ဘယ်လိုစိုက်ထားကြောင်း၊ ဘယ်လိုဖြစ်ထွန်းကြောင်း၊ အသီးများကလဲသီးမှသီးကြောင်းများကိုလဲ ကြွားဝါတက်သေးတာကြောင့် တော်တော်နဲ့ သူ့အိမ်ကိုပြန်မရောက်တာကို သိထားသောကြောင့် စစ်မင်းရောင်ခြံကိုကျော်ဝင်ကာ မာကလာပင်ပေါ်ကိုကျွမ်းကျင်စွာတက်လိုက်သည်။

ခြံအပြင်မှာတော့ နွေးနွေးနဲ့ဝက်ကြီးကလူအခြေအနေကြည့်ပေးနေသည်။
အပင်တက်ကျွမ်းကျင်သော သူ့အတွက်မာလကာသီးကို စားကောင်းမည့်အလုံးကိုရွေးခူးလိုက်သည်။

မာလကာသီးအကြိုက်ဆုံးအလုံးနှစ်ဆယ်ကျော်လောက်ကို လွယ်အိတ်ထဲထည့်ကာ သစ်ပင်ပေါ်မှဆင်းလားခဲ့သည်။

ဦးရွှေလှတစ်ယောက် သူ့မာလကာသီးများပျောက်နေတာကိုသိလျှင် ဘယ်လောက်အထိ စွေ့စွေ့ခုန်နေလိုက်မလဲ။

စစ်မင်းရောင်ခြံအပြင်ရောက်တာနဲ့ နွေးနွေးနဲ့ဝက်ကြီးကို မာလကာသီးတစ်ယောက်တစ်လုံးစီပစ်ပေးလိုက်သည်။

"အား ချိုလိုက်တဲ့မာလကာသီးကွာ။ သူများခြံကခိုးစားရတာမလို့လားမသိ ချိုနေတာပဲ။"

"ခိုးစားတဲ့အသီးပိုချိုတယ်ဆိုတဲ့သဘောပေါ့။"

သူတို့သုံးယောက် ဦးရွှေလှမာလကာသီးကို မြိန်ရေရှက်ရေစားကာ အားရနေကြသည်။

"တီ တီ"

ရုတ်တရက် ကားဟွန်းတီးသံကြောင့် သုံး​ယောက်သားတစ်ဖက်သို့ရှောင်လိုက်သည်။

"ဟာ ဒီကားကဘာလို့ ဒီလောက်အထိဟွန်းတီးနေရတာလဲ"

စစ်မင်းရောင်မကျေမနပ်ရေရွတ်လိုက်သည်။ ထိုကားလဲ သူတို့နဲ့မလှမ်းမကမ်းမှာ ထိုးရပ်သွားတာကို သတိထာမိလိုက်သည်။

သူတို့သုံးယောက် ကားကိုကျော်ကာလှမ်းလျှောက်လာခဲ့သည်။

ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )Onde histórias criam vida. Descubra agora