အပိုင်း-၁၁ .(အပိုင္း-၁၁)

6.2K 453 8
                                    

Unicode

ကားတစ်ချက်တစ်ချက်ခုန်လိုက်တိုင်း တင်ပါးကနာလာသည်။စစ်မင်းရောင်ဒဏ်ရာကနာလာလေလေ ပါစစ်ပြောတာကိုတွေးတွေးပြီးမျက်ရည်ကကျလာလေလေ။

"ဒီဒဏ်ရာကလဲအခုမှ သေမလိုဖြစ်လို့ပိုနာလာတာလဲမသိဘူး။"

တစ်ယောက်ထဲပွစိပွစိနဲ့ ပြောနေသောလုံးလုံးကို သူငဲ့စောင့်ကြည့်လိုက်သည်။ သူပြောတာလွန်သွားတယ်ထင်သည်။ သူမေမေ့ကိုမကျေနပ်တာနဲ့ စိတ်ဆိုးကာလုံးလုံးအပေါ်မပြောသင့်သော စကားပြောလိုက်မိတာဝန်ခံပါသည်။ ဒါပေမယ့်စိတ်ထဲကပါလို့ပြောခြင်းမဟုတ်တာကို သူ့ကိုယ်သူသာအသိဆုံး။ သူ့ဘေးနားတွင် တရှုံ့ရှုံ့နဲ့ငိုနေသောလုံးလုံးကို ကြည့်ကာသူလဲစိတ်မကောင်းဖြစ်မိသည်။

"ငိုမနေနဲ့တော့ မျက်ရည်တွေသုတ်လိုက် မဟုတ်ရင်ရုပ်ဆိုးနေမယ်။"

မနက်ကသူ့ကိုဂရုစိုက်လို့ ကြည်နူးနေတဲ့စိတ်ကလေးတောင် ဘယ်ရှာလို့ရှာရမှန်းမသိအောင် ပျောက်ကွယ်သွားခဲ့သည်။

"ကိုယ့်မျက်စိနဲ့ကိုယ်ငိုတာတောင် လာပိတ်ပင်နေတယ်။"

စစ်မင်းရောင်ပါးပြင်ထက်ကမျက်ရည်များကို လက်ဖဝါးနှစ်ဖက်နဲ့ ပွတ်ဆွဲကာသုတ်လိုက်သည်။

"ရော့ တစ်ရှုးနဲ့သုတ်လိုက်မဟုတ်ရင် မျက်နာမှာ မျက်ရည်စီးကြောင်းတွေကျန်နေလိမ့်မယ်။"

သူကမ်းပေးသော တစ်ရှုးတစ်စကိုမယူသလို ကားမှန်တံခါးချကာ ကားမှန်ဘောင်ပေါ်ကိုလက်တစ်ဖက်တင်လိုက်သည်။ ထိုလက်ပေါ်မေးစေ့တင်ကာ တံခါးအပြင်ဖက်မှတိုက်ခတ်လာ
သောလေအေးအေးကို မျက်နာမူထားသည်။ ဒီကောင်လေးဟာ တစ်ခါတလေဂျစ်ကန်ကန်နဲ့။

"ဆိုင်ထဲမှာတစ်ခုခုစားရအောင် ကားပေါ်ကနေဆင်းလေ။"

ဒီပါစစ်မှုးကားပေါ်ကနေဆင်းလာသည့်တိုင် ပေကပ်ကပ်နဲ့လုံးလုံးကားပေါ်ကဆင်းမလာခဲ့။

စစ်မင်းရောင်တစ်ဖက်သို့လှည့်ကာ မကြာချင်ယောင်ဆောင်လိုက်သည်။
ကားကိုတစ်ပတ်ပတ်ကာ သူရှိရာဖက်သို့ ပါစစ်လျှောက်လှမ်းလာခဲ့သည်။

ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )Donde viven las historias. Descúbrelo ahora