အပိုင်း-၁၄ .(အပိုင္း-၁၄)

4.9K 330 17
                                    

Unicode

ဒီပါစစ်မှုးဂျူတီထွက်ကာ ရွာလမ်းလေးအတိုင်းလမ်းလျှောက်ထွက်လာခဲ့သည်။ ညနေခင်းရဲ့ပုစွန်ဆီရောင်သမ်းနေသော ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ တစ်ချိန်ကလုံးလုံးနဲ့ သူတို့လမ်းကြားအုတ်ခုံပေါ်တွင်ထိုင်ကာ ညနေနေဝင်ချိန်ကိုကြည့်ခဲ့တာကိုသတိရမိသည်။ ဒီအချိန်ဆိုသူကော ကျွန်တော်လိိုပဲညနေနေဝင်ချိန်ကိုကြည့်နေမလား။ သူ့အကြောင်းတွေးမိလိုက်တာနဲ့ ကျွန်တော့်နှလုံးသားလေးထွေးနေလို့နေဆဲ။ လေပြေနုနုလေးက လယ်ကွင်းပြင်ဖက်ကနေ သူမျက်နာကိုကြည်စယ်ဆော့ကစားနေသည်။ ကျွန်တော်သူ့ကိုအရမ်းတွေ့ချင်နေမိသည်။ အရမ်းလဲသတိရမိသည်။ ကျွန်တော်သတိမထားမိလိုက်တဲ့အချိန်မှာပင် ကျွန်တော်အနားကနေ သူပြောခဲ့သလိုတိတ်တိတ်ကလေးထွက်သွားပေးခဲ့သည်။ သူဟာကျွန်တော့အချစ်တွေနဲ့မထိုက်တန်လောက်အောင်ကို တန်ဖိုးကြီးမားလွန်နေသောလူသားတစ်ယောက်။ သူကသာပတ်ဝန်းကျင် သူ့ရာထူးမိသားစုဆိုတဲ့အတိုင်းအတာတွေကိုဂရုစိုက်နေခဲ့ပြီး အချစ်ကိုဖော်ပြရန်ကြောက်ရွံ့နေခဲ့မိသည်။ သူပျောက်သွားခဲ့တဲ့နေ့က ကျွန်တော်မှာအရူးတစ်ယောက်လို ငိုကြွေးနေမိခဲ့သည်။ သူ့မေမေကိုမေးတော့လဲ အတိအကျရယ်လို့မဖြေခဲ့။ လုံးလုံးရဲ့ဆန္ဒအရလို့သာ အန်တီကေသရီငိုကာပြောနေသည်။ သူနောက်ဆုံးသိလိုက်ရတာက လုံးလုံးသူ့အနားကအပြီးတိုင်ထွက်ခွာသွားခဲ့ပြီဆိုတာပဲ။

"မင်းကိုယ့်ကိုအရမ်းမုန်းပြီးစိတ်နာနေမလား။ ကိုယ်မင်းထွက်သွားတဲ့နေ့ကစလို့ အခုထိမင်းကိုမမေ့သေးဘူးလုံးလုံး။"

ဒီပါစစ်မှုးလေပူတစ်ချက်မှုတ်ထုတ်ကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

"ဟေး ဆရာနင်ငါတို့ကိုတစ်ခုလောက်ကူညီပါ့လား။"

ကလေးတစ်ယောက်စကားသံဝဲဝဲနဲ့ သူ့အနားအပြေးအလွှားပြေးလာကာ သူ့ကိုပြောနေသည်။ ထို့ကလေးငယ်မျက်နာသည် အဝေးမှပြေးလာဟန်ကြောင့် အသက်ပင်မနည်းရှုကာအမောဖြေရင်း အကူညီတောင်းနေသည်။ မျက်နာတစ်ခုလုံးတွင် ချွေးများစီးကျကာ အတော်လေးမောပန်းနေတယ်ထင်သည်။

ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )Nơi câu chuyện tồn tại. Hãy khám phá bây giờ