အပိုင်း-၈ .(အပိုင္း-၈)

6.7K 424 11
                                    

"ဟဲ့ မတ်တပ်ရပ်ပြီးရန်ဖြစ်နေပြန်ကြတာလား။ ဟိုကောင်လေးကလဲ အမြဲစိတ်ဆိုးနေတော့မှာလား။"

ဘုရားရှီခိုးရန်ထမင်းစားခန်းထဲမှထွက်လာသော မေမေ့အပြောကြောင့် လက်ရှိအခြေအနေကိုပြန်လည်အသက်ဝင်လာခဲ့သည်။

"သားတို့လမ်းထိပ်သွားမို့ မေမေဘာမှာအုံးမလဲ။"

"ဘာမှမှာစရာမရှိဘူး။ နင်သာနင့်အကိုကိုမဆိုးရင်ရပြီ။"

စစ်မင်းရောင်ခြေထောက်ကို ဘောက်ဆတ်ဆတ်လုပ်ကာ မေမေ့မျက်စိအောက်ကထွက်လာခဲ့သည်။ ဘယ်အချိန်ဖြစ်ဖြစ်သူဆိုးတာကိုသာ မေမေကမြင်သည်။ အခုလဲသူ့အပြစ် နောက်လဲသူ့အပြစ် ဘယ်တော့ဖြစ်ဖြစ်သူ့အပြစ်ပဲဖြစ်နေမှာ။

နှုတ်ခမ်းကိုရှေ့တစ်ဒေါင်လောက်ထော်ကာ ခြေဆောင့်ထွက်သွားသော အမောင်မင်းသား ကျေနပ်အောင်ချော့ရန် ဒီပါစစ်မှုးအပြေးလိုက်ရပြန်သည်။

" ကျောင်းပိတ်ရက်ဘယ်တွေသွားမယ်လို့ စီစဥ်ထားလဲ။"

"ဘယ်မှမသွားဘူး အိမ်မှာပဲရှိနေမှာ"

စစ်မင်းရောင်ဘုကလန့်ဆန်ဆန်စကားပြောလိုက်သည်။ " တကယ်ဘယ်တော့မှ အကောင်းမြင်တဲ့စိတ်ရှိမှာမဟုတ်ဘူး။" တစ်ယောက်ထဲပွစိပွစိနဲ့ရှေ့ကနေထွက်လာခဲ့သည်။

"ဒီနေ့လမ်းထိပ်မှာ လုံးလုံးကြိုက်တဲ့ရေခဲမုန့်တွေရောက်နေတာကြောင့် ကိုယ်ကလာခေါ်တာလေ။ ဟိုနေ့ကရေခဲမုန့်စာချင်တယ်ပြောလို့ကို။"

ဒီပါစစ်မှုးစိတ်မကောင်းဟန်ပုံစံနဲ့ လုံးလုံးရှေ့မှပိတ်ရပ်ကာပြောလိုက်သည်။ စိတ်ဆိုးမပြေသေးသောကောင်လေး စိတ်ဆိုးပြေစေရန်နည်းလမ်းတစ်ခုရှိသည်။ ထိုအကြံကိုချက်ချင်းအသုံးချရမည်။

"လုံးလုံးဟိုမှာခွေးတစ်ကောင်ပြေးလာပြီ။"

ဒီပါစစ်မှုးစကားပင်မဆုံးသေး လုံးလုံးသူ့အပေါ်ခုန်တက်လာခဲ့သည်။ ဒီအကွက်ကိုချောင်းနေသော သူ့မှာလုံးလုံးကိုအသာပွေ့ထားကာ ခွေးမောင်းနေသည်။ ခွေးကြောက်တက်သော လုံးလုံးအတွက်သူ့အကြံကအောင်မြင်သည်။

"ကိုယ့်စိတ်ဆိုးပြေပြီလား။"

စစ်မင်းရောင်အကြောက်လွန်ကာစကားတစ်ခွန်းမဆိုသေး။

ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )Donde viven las historias. Descúbrelo ahora