အပိုင်း-၂၂ .(အပိုင္း-၂၂)

4.7K 263 10
                                    

Unicode

ဒီနှစ်ကသူတို့နှစ်ယောက်အတွက် ဘွဲ့ရတော့မည်နှစ်ဖြစ်သည်။ အချိန်အားဖြင့် ကျောင်းလေးနှစ်တက်ခဲ့ရပေမယ့် အခင်ဆုံးသူငယ်ချင်းဟူ၍ လက်ချိုးရေလို့ပင်ရသည်။ ထိုထဲမှလရောင်လင်းဆိုသောသူငယ်ချင်းတစ်ယောက်နဲ့သာ စစ်မင်းရောင်အတွဲများသည်။ လင်းကတော့သူရဲ့အကျင့်ကိုကအနေအေးသူဖြစ်တာကြောင့် သူငယ်ချင်းအပေါင်းအသင်းရှားတာမဆန်းတော့ပါ။ သူတို့နှစ်ယောက်လုံးနောက်တပတ်တွင် ဘွဲ့အတူယူကာမြန်မာနိုင်ငံသို့ပြန်တော့မည်။ ထို့ကြောင့်သူတို့နှစ်ယောက်လုံး ဆိုင်ကစီနီယာများကိုနှုတ်ဆက်ကြသည်။ စီနီယာများကလဲ အလုပ်ထွက်ပြီးမြန်မာနိုင်ငံမပြန်ကြရန်ပြောကြသည်။ သူတို့လဲစိတ်မကောင်းဖြစ်မိပါသည်။ စစ်မင်းရောင်အတွက်ကတော့ အမိမြန်မာနိုင်ငံကိုမရောက်ဖြစ်တာလေးနှစ်ကျော်ခဲ့ပြီ။ မြန်မာနိုင်ငံကြီးကိုလွမ်းမိပါသည်။ စီနီယာများကိုနှုတ်ဆက်ကာပြန်လာခဲ့ကြသည်။ စီနီယာများက မြန်မာပြည်ကိုမပြန်ခင်တစ်ခေါက်လောက်အလည်လာရန်တောင်းဆိုကြသည်။

"ကိုစစ်မပြန်ခင်တစ်ရက်လောက် စီနီယာတို့ဆီအလည်လာကြရအောင်။"

"အွန်း အချိန်ရခဲ့ရင်ပေါ့။"

ကားမှန်တံခါးဖွင့်ကာ မျက်နာကိုလေလာရာဘက်သို့မျက်နာမူထားပြီး ညပိုင်းရဲ့လတ်ဆတ်တဲ့လေအေးနုနုကို စစ်မင်းရောင်အပြည့်အဝခံစားနေမိသည်။ လင်းရှိရာသို့လှည့်မကြည့်ပဲ ပြောလိုက်သည်။

"ကိုစစ်အဖြေကမတင်မကျဖြစ်နေတယ်ကွာ။ လာမယ်ဆိုလာမယ် မလာဘူးဆိုမလာဘူးပေါ့။ ဘယ်လိုလုပ်အချိန်ရခဲ့ရင်လဲ။"

"ဟုတ်တယ်လေ။ မင်းပဲစဥ်းစားကြည့်လေ။ ငါတို့ကဘွဲ့ယူနောက်တစ်ရက်လေယာဥ်လက်မှတ်ရရင်ငါ
မြန်မာနိုင်ငံကိုပြန်မယ်။ အဲ့ကျအချိန်မရတော့ဘူးလေ။ ဘယ်လိုသွားမလဲ။ "

"လေယာဥ်လက်မှတ်မရခဲ့ရင်ကော။"

"စီနီယာတို့ဆီသွားလို့ရတာပေါ့။"

ကိုစစ်ကိုကြည့်ရတာ မြန်မာပြည်ကြီးကိုပြန်ရန်စိတ်အားထက်သန်နေပုံရသည်။ ကိုစစ်မျက်နာကလဲပျော်ရွှင်နေတာဟု လရောင်ထင်မြင်မိသည်။

ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )Où les histoires vivent. Découvrez maintenant