"အခုလို ပါစစ်ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်"
သူကသာတစ်ချိန်လုံးစကားပြောနေသော်လည်း ထိုကောင်လေးဆီမှမည်သည့်အသံတစ်စုံတစ်ရာပင်ထွက်ကျမလာ။
"သားရေဒါလေးတွေကို သိမ်းထားလိုက်ပါအုံးကွယ်။ မေမေခေါင်းနည်းနည်းမူးနေလို့"
"ဟုတ်ကဲ့မေမေ"
ပစ္စည်းများသိမ်းဆည်းနေသော သားဖြစ်သူကို တစ်ချက်လှမ်းအော်ကာပြောရင်း ဒေါ်မေနွယ်သူမအခန်းထဲသို့ဝင်လာခဲ့သည်။
"မနက်ဖန်ဆေးရုံဂျူတီပြန်ဝင်ရတော့မှာပေါ့ဟုတ်လား။"
တစ်ချိန်လုံးစကားတစ်ခွန်းမှမပြောပဲ ငြိမ်နေသောလုံးလုံးသည် အခုမှသူ့ကိုစကားပြောတော့သည်။ နီးကပ်လွန်းသော လုံးလုံးမျက်နာလေးကိုအနီးကပ်မြင်လျှင် လူချောလေးတစ်ယောက်လို့သူသတ်မှတ်မိသည်။ အပြစ်ကင်းလွန်းစွာ ပါးပြင်တစ်လျှောက် သွေးစိမ်းကြောလေးများထနေသည်။ လုံးလုံးမျက်နာလေးကို ဒီပါစစ်မှုးသတိမဲ့စွာ အလိုအလျောက် လက်ကထိုကောင်လေးပါးပြင်ပေါ်ကို ရောက်ရှိသွားလေသည်။
မျက်နာနှစ်ခုနီးကပ်လွန်းသောကြောင့်ပါစစ်ရဲ့ရှုထုတ်လိုက်တဲ့ နှာငွေ့ပူပူလေးဟာ သူ့မျက်နာကိုကြည်စယ်ဆော့ကစားနေသလိုပင်။
"ဟို ဟို ကိုတောင်းပန်ပါတယ်။"
ပါစစ်တောင်းပန်သံကြားမှ သူလဲပန်လည်သက်ဝင်လာခဲ့သည်။ မျက်နာတစ်ခုလုံးရေနွေးပူပူနဲ့ပက်ဖျန်းထားသလို ပူလောင်နေသောပါးနှစ်ဖက်ကို လက်နဲ့အသားအယာပွတ်လိုက်သည်။
"ရပါတယ် သိမ်းဆည်းလို့ပြီးပြီဆိုတော့ ကျွန်တော်လဲပြန်တော့မယ်။"
စစ်မင်းရောင်ရင်လာသော ရင်ခုန်သံကို ပါစစ်ကြားသွားလေသလားလို့ စိတ်မလုံစွာနဲ့ နှုတ်ဆက်ကာပြန်လာခဲ့သည်။ "ဘာလဲဒီခံစားချက်ကြီးက ငါ ငါ" မတွေးသင့်တဲ့အတွေးတစ်ချို့ကို သူစိတ်ထဲကနေပယ်ထုတ်လိုက်သည်။
---------------------
ဒီဇင်ဘာကျောင်းပိတ်ရက်အတွက် ဘယ်သူကဘာလုပ်မယ်၊ ဘယ်သူကတော့ဘယ်သွားမယ်နဲ့ ငြင်းဆန်နေကြသည်။ စာသင်နှစ်တစ်ဝက်ရောက်နေခဲ့သော်လည်း စစ်မင်းရောင်တို့က စာများကိုတွေ့ထိသည်ကနည်းသည်။
မေမေပင်သူ့ကိုဆယ်တန်းအောင်ပါ့မလားလို့ စိတ်ပူစွာမေးဖူးခဲ့သည်။ "အောင်ပါတယ်မေမေ"လို့ စစ်မင်းရောင်အလွယ်တကူအဖြေပေးခဲ့ဖူးသည်။
![](https://img.wattpad.com/cover/245138029-288-k659529.jpg)
ŞİMDİ OKUDUĞUN
ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )
Romantizmကျွန်တော်မျှော်လင့်စေလောက်မယ့်အခွင့်အရေးတွေမပေးပါနဲ့လား ကျွန်တော်ပါစစ်ကိုချစ်တယ် ကျွန်တော်မျှော်လင့်စေလောက်မယ့်အခွင့်အရေးတွေမပေးပါနဲ့လား ကျွန်တော်ပါစစ်ကိုချစ်တယ် Art.Lay Pyay Yhine Writter: Khant Oct.22.2020