အပိုင်း-၉ .(အပိုင္း-၉)

5.9K 406 4
                                    

အရွယ်ရောက်လာတာနဲ့အမျှ မိန်းကလေးဆန်ဆန်နေတက်လာသောနွေးနွေးဟာ မိန်းကလေးတို့သဘာဝပြင်ဆင်တက်လာသည်။ သူမဟာ တကယ့်မိန်းမချောတစ်ယောက်ပင်။
စစ်မင်းရောင်ကျောင်းထဲသို့ စက်ဘီးတွန်းဝင်လာရင်း သူ့ကိုစက်ဘီးတန်းတွင်ရပ်စောင့်နေသော သူငယ်ချင်းမလေးကိုတွေ့မြင်ရပါသည်။

"လုံးလုံးရယ် နောက်ကျလိုက်တာ။ ငါဒီမှာရပ်စောင့်နေတာအတော်ကြာနေပြီ။ ငါ့ခြေထောက်တွေတောင် ကျဥ်နေပြီ။"

"ငါ့ကိုစောင့်နေရတဲ့အကြောင်းက ဘာကိတ်"

စစ်မင်းရောင်စက်ဘီးကိုဒေါက်ထောက်ကာ သော့ခတ်လိုက်သည်။ နွေးနွေးသူ့ကိုရပ်စောင့်နေတာကြာပြီဆိုတာ သူ့ခြေထောက်ကိုကြည့်ရုံနဲ့ သူသိပါသည်။ ခြေထောက်တစ်ဖက်ကိုအခြားခြေထောက်နဲ့ ခပ်ဖွဖွပြန်နင်းနေတာကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါသည်။

"ငါ ငါလေ"

ထစ်ငေါ့ထစ်ငေါ့ပြောနေသော သူငယ်ချင်းမလေးအမူအရာကို စစ်မင်းရောင်စူးစမ်းသလိုကြည့်လိုက်သည်။

" ဒေါ်ဟေမာန်နွေးနွေး နင်ငါ့ကိုစကား ပလ္လင်လာခံမနေနဲ့ ပြောစရာရှိတာကိုပြော မဟုတ်ရင်ငါအတန်းထဲသွားတော့မယ်။"

"ဟယ် နင်ကလဲစိတ်ကြည့်ပဲ။ ငါ့ကိုတစ်ခုခုထူးဆန်းနေတယ်လို့မထင်ဘူးလား။"

စစ်မင်းရောင်သူမတစ်ကိုယ်လုံးကို ခြုံငုံကြည့်လိုက်သည်။ ပြီးနောက်ခေါင်းတစ်ချက်ရမ်းလိုက်သည်။

"ဘာတွေများထူးဆန်းနေလို့လဲ။ ငါတော့ဘာတစ်ခုမှပြောင်းလဲတာမရှိဘူးလို့ထင်တယ်။"

သူစကားကိုအဟုတ်မှတ်ကာ နှုတ်ခမ်းကိုစူထော်ကာ သူနဲ့ဆန့်ကျင်ဘက်သို့မျက်နာမူကာ စိတ်ကောက်ပြနေသော နွေးနွေးကြောင့်သူအသံတိတ်ရယ်မိသည်။

"ငါလှလာတယ်လို့ထင်မထင်ဘူးလားလုံးလုံး။ ငါဆံပင်ဖြောင့်လာတာတောင် ငါ့သူငယ်ချင်းဖြစ်တဲ့နင်ကသတိမထားမိဘူးလားကောင်စုတ်ရ။"

နွေးနွေးစိတ်ဆိုးကာ လုံးလုံးကျောပြင်ကို လက်သီးနဲ့ခပ်ဖွဖွထုရိုက်မိသည်။

ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )Место, где живут истории. Откройте их для себя