Unicode
စစ်မင်းရောင်ရန်ကုန်လေဆိပ်ထဲသို့ရောက်ရှိနေသည်။ ဖေဖေရယ်မေမေရယ်အပြင် လင်းလဲလိုက်လာခဲ့သည်။ ပြီးတော့သူ့ရဲ့အချစ်ရဆုံးသော သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ နွေးနွေးနဲ့ရန်မျိုးအောင်ကော သူ့ကိုနှုတ်ဆက်ရန်ရှိနေသည်။ စစ်မင်းရောင် ငိုနေရှာသောသရဖီစစ်ရှေ့တွင် ဒူးတုပ်ထိုင်ကာ သူ့
ရင်ခွင်ထဲထွေးပွေ့ကာဖက်ထားမိသည်။ သူ့ကိုလေယာဥ်ကွင်းကို လိုက်ပို့သူများထဲတွင် တစ်စုံတစ်ယောက်တော့ပါမလာခဲ့ချေ။ ထိုသူကပါစစ်။ စစ်မင်းရောင်စစ်ဆေးရေးဂိတ်ကိုဖြတ်ရန်မိနစ်အနည်းငယ်သာလိုတော့တာမို့ သူရောက်လာမလားဟူသောအတွေးတစ်ခုနဲ့ လိုက်ရှာနေမိသည်။ တစ်နေရာရာကများ ပါစစ်ကြည့်နေမလားဟူသောအတွေးစတို့လဲ လွှင့်ပျောက်လို့သွားခဲ့သည်။"မကြာမီအချိန်အတွင်းမှာ ထွက်ခွာတော့မည့် ရန်ကုန်ကနေစင်ကာပူလိုက်ပါမယ့်ခရီးသည်များ စစ်ဆေးရေးဂိတ်ကိုဖြတ်ကျော်ပြီး မိမိတို့လိုက်ပါစီးနှင်းမည့်လေယာဥ်ပေါ်သို့ တက်ရောက်နိုင်ပါပြီရှင်။
အားလုံးပဲသာယာတဲ့မနက်ခင်းလေးဖြစ်ကြပါစေရှင်။"လေယာဥ်မယ်လေးရဲ့သတိပေးသံကြောင့် စစ်မင်းရောင်လေယာဥ်ပေါ်သို့တက်လာခဲ့သည်။ လင်းကတော့သူ့ဖေဖေရဲ့companyမှာ အလုပ်လုပ်နေရသူမို့ သူ့ဆီကိုသာအလည်အပတ်လာမယ်လို့သာပြောရှာသည်။ သူမြန်မာပြည်ကြီးကနေ မခွဲခွာချင်ခဲ့ပါ။ သို့သော်...
စစ်မင်းရောင်ထိုင်ရမည့်ခုံနံပါတ်ကိုရှာနေမိသည်။ ဟော...လူတစ်ယောက်သူထိုင်ရမည့် ခုံဖက်သို့ကျော်လွန်ကာ ခြေထောက်ဆင်းအိပ်နေသည်။ လူကစိတ်ကမကြည်ချင်တာမို့ ထိုလူရဲ့ခြေထောက်ကိုအသာအယာတွန်းဖယ်လိုက်သော်လည်း ခြေထောက်ကနေရာမရွေ့။ နောက်တစ်ချက်အားခပ်ပြင်းပြင်းနဲ့တွန်းဖယ်လိုက်မှသာ သူထိုင်လို့ရတော့သည်။ စစ်မင်းရောင်လက်ကဖုန်းကိုသာကြည့်နေမိသည်။ ပါစစ်ဆီကနေဖုန်းခေါ်လာလေမလား။ massageတစ်စောင်လောက်များရောက်လာမလားဟူသောအတွေးကြောင့် ဖုန်းကိုစက်ပိတ်မထားသေးပါ။
"လူကြီးမင်းရဲ့ဖုန်းလေးစက်ပိတ်ပေးထားပါရှင်။ မကြာခင်လေယာဥ်စတင်ထွက်ခွာတော့မှာမို့ပါ။"

ВЫ ЧИТАЕТЕ
ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )
Любовные романыကျွန်တော်မျှော်လင့်စေလောက်မယ့်အခွင့်အရေးတွေမပေးပါနဲ့လား ကျွန်တော်ပါစစ်ကိုချစ်တယ် ကျွန်တော်မျှော်လင့်စေလောက်မယ့်အခွင့်အရေးတွေမပေးပါနဲ့လား ကျွန်တော်ပါစစ်ကိုချစ်တယ် Art.Lay Pyay Yhine Writter: Khant Oct.22.2020