" လုံးလုံးရေ "
ဒီနှစ်တွေမှာ သူနဲ့လုံးလုံးနှစ်ယောက်လုံးဟာ အလုပ်တွေရှုပ်နေပေမယ့် မိသားစုနဲ့တော့အချိန်ဖြုန်းပေးနိုင်အောင် နှစ်ယောက်စလုံးအချိန်ယူထားရသည်။ စစ်ကအခုဆို ဆယ့်တစ်နှစ်အရွယ်ရှိပြီမို့ ပြည်ပမှာပဲကျောင်းထားရသည်။ မေမေတို့ကတော့ မြေးမလေးကိုမခွဲနိုင်လို့ဆိုပြီး တစ်ယောက်တလှည့်သွားနေကျပေမယ့် သူတို့နှစ်ယောက်ကတော့ စစ်ဆီကိုတစ်လတစ်ခေါက်တော့ပုံမှန်ရောက်ဖြစ်ပါရဲ့။ လုံးလုံးက သူ့အဖေပိုင်တဲ့companyမှာပဲဦးစီးလို့၊ သူကတော့ကိုယ်ပိုင်ဆေးခန်းဖွင့်ထားရတာမို့ အချိန်ကမအား။ သူပါရဂူဘွဲ့ယူပြီးကတည်းက လုံးလုံးကိုအတည်တကျ အိမ်ထောင်စုစာရင်းထဲကို တရားဝင်ထည့်သွင်းခွင့်ရခဲ့သည်။
အခုတော့ လုံးလုံးနဲ့သူတရားဝင်လက်ထပ်ခဲ့တာ သုံးနှစ်ကျော်ခဲ့ပြီလေ။" ဗျာ...ပါစစ် "
စစ်မင်းရောင်အဝတ်အစားများကိုခရီးဆောင်အိပ်ထဲကို စီရီစွာခေါရ်ထည့်နေရာကနေ ပါစစ်ခေါ်သံကြောင့်ပြန်ထူးရပါသေးတယ်။
" ရေချိုးနေတာလား။ "
" မဟုတ်ဘူးဒီပါ။ ကျွန်တော်အဝတ်တွေခေါက်နေတာ။ "
" လုံးလုံးကလဲကွာ။ ကိုယ်လုပ်ပါမယ်ဆိုတာကို။ ဘာလို့အဲ့ဒီလောက်လောနေရတာလဲ။."
ဒီပါစစ်မှူးတစ်ယောက်ပြောပြောဆိုဆိုနဲ့ လုံးလုံးအနားမှာထိုင်ချလိုက်တယ်။ လုံးလုံးလက်ထဲကအဝတ်အစားအချို့ကိုယူကာ သူကိုယ်တိုင်ခရီးဆောင်အိတ်ထဲကိုထည့်နေမိတယ်။ လုံးလုံးကတော့သူ့အနားမှာထိုင်လို့ပေါ့။
" ကျွန်တော်ကပါစစ်ပင်ပန်းနေတာသိလို့လေ။ ကျွန်တော်ခေါက်ထည့်လိုက်တော့လဲ ဘာမှအပန်းကြီးတာမှမဟုတ်တာကို။ "
လုံးလုံးကအဲ့ဒီလိုသူ့အပေါ်မှာအလိုက်သိတက်လွန်းတဲ့ကောင်လေးပါ။ ဒါ့ကြောင့်လဲ ဒီပါစစ်မှူးဆိုတဲ့ကျွန်တော်က အရမ်းချစ်နေရတာမဟုတ်လား။ လုံးလုံးပါးကိုလှမ်းနမ်းလိုက်တော့ လုံးလုံးကမျက်လုံးရွဲကြီးနဲ့ကြည့်လာပါတယ်။ ဒီလူသားလေးကိုချစ်လွန်းလို့ အကြံမျိုးစုံထုတ်ကာ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့အချိန်တွေကိုတောင် သတိရမိပါသေးတယ်။

VOUS LISEZ
ဘေးအိမ်ကကိုလူချော(ေဘးအိမ္ကကိုလူေခ်ာ)(Unicode&Zawgyi) (Complete )
Roman d'amourကျွန်တော်မျှော်လင့်စေလောက်မယ့်အခွင့်အရေးတွေမပေးပါနဲ့လား ကျွန်တော်ပါစစ်ကိုချစ်တယ် ကျွန်တော်မျှော်လင့်စေလောက်မယ့်အခွင့်အရေးတွေမပေးပါနဲ့လား ကျွန်တော်ပါစစ်ကိုချစ်တယ် Art.Lay Pyay Yhine Writter: Khant Oct.22.2020