#Unicode
"Hey အသစ်ပြောင်းလာမယ့် ကျောင်းသူ အသစ်အကြောင်း သိပြီးပြီလား "
ရုတ်တရက် သူမ ဘေးနားရောက်လာတဲ့ Chaeyoungကြောင့် Jennie လန့်သွားသည်
ကန်တင်းက ကျောင်းသူကျောင်းသားတွေမှာ Jennie လို အေးတိအေးစက်ကောင်မလေးက Chaeyoungလို ဖော်ရွေတဲ့သူနဲ့ သူငယ်ချင်း ဖြစ်လို့ အံ့သြနေခဲ့ကြသည်
"ဘာများလည်း Chaeyoung "
Jennieမှာ သူများအကြောင်း နားထောင်ရတာ စိတ်မဝင်စားပေမယ့် Chaeyoungက ပြောချင်နေသောကြောင့် နားထောင်ပေးလိုက်သည်
"သူက ဆွံ့အ နားမကြားတဲ့.... "
"Aww ဟုတ်လား "
"ဟုတ်ပါ့ လောကကြီးရဲ့ အသံလေးတွေ သူ နားထောင်ခွင့်မရတာ စိတ်မကောင်းစရာဘဲနော်... ကောင်မလေး သနားပါတယ် "
"ဘာမှမကြားရ စကားမပြောတတ်တာကို ဘာလို့များ အသက်ရှင်နေနေပါလိမ့် "
Chaeyoungမှာ Jennieရဲ့ စကားကြောင့် Jennieကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်
"Yah နင် သူများကို ဘယ်လိုပြောလိုက်တာလဲ လူ့အသက် တစ်ချောင်းက တန်ဖိုးရှိတယ်ဟဲ့ "
Jennie ပခုံးတွန့်ပြရင်း Lisa လာနေတာတွေ့လို့ နားကြပ်ကို ကောက်ယူကာ တပ်လိုက်သည်
"ငါ လေကောင်းလေသန့် သွားရှူအုံးမယ် Chaeyoung အတန်းချိန် အမှီပြန်လာမယ် "
ပြွတ်စ်
ကန်တင်းလည်းမရှောင် သူ့ကောင်မလေးနဖူးကို နမ်းလိုက်တဲ့ Lisaကို ကြည့်ပြီး Jennie ခေါင်းခါမိသည်
"ဘယ်သွားမလို့လည်း Jennie "
"နင်တို့အတွဲ တီတီတာတာတွေ မမြင်ချင်လို့ တစ်ခြား အေးချမ်းတဲ့နေရာသွားနေမလို့ "
Jennie ပြောပြီး နားကြပ်ကောက်တပ်ကာ ကန်တင်းကနေ ထွက်လာသည်
Jennie ကျောင်းပေါက်ဝနားက ထိုင်ခုံတွင် ထိုင်ပြီး သီချင်းနားထောင်စဥ် ဆံပင်ခရမ်းရောင်နဲ့ ကောင်မလေးတစ်ယောက် သူမရှေ့က ဖြတ်သွားတာကို တွေ့လိုက်ရသည်
"Chaeyoung ပြောတဲ့ ကျောင်းသူအသစ်လားမသိဘူး ဒီဆံပင်နဲ့ ကျောင်းသူကို ဒီတစ်ခါဘဲ တွေ့ဖူးတယ် "