#zawgyi
Jisoo Pov
သူမရဲ့ မျက်ဝန်းတွေက ပုလဲနက်လေးလိုတောက်ပပြီး အကြည့်တွေက စူးရှလို့...သူမနဲ့ အကြည့်ချင်းတောင် မဆုံရဲပါ....
သူမရဲ့ နူးညံ့တဲ့ ဆံသားလေးတွေကို အမြဲလိုလို ထိတွေ့ချင်မိတယ်...
သူမရဲ့ အပြုံးလား....အိုး...သူမလို အချေတစ်ယောက်ရဲ့ အပြုံးက ငါ့အတွက် အလွန်ကို အဖိုးတန်တယ်....
ခက်တာက သူမက ငါ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်နေတယ်....သူမရဲ့ နာမည်က Kim Jennieတဲ့....
သူနဲ့ ငယ်ငယ်လေးကတည်းက ခင်မင်ရင်းနှီးလာတာ အခုထိပေါ့....
သူနဲ့ပတ်သက်ရင် ငါ့ဘက်က အသေးစိတ်ကအစ သိပေမယ့် သူကတော့ သူ့ကိုချစ်နေမှန်းမသိဘူးလေ......
"ဘာလို့ သူ့ကို ဖွင့်မပြောတာလည်း...."
Lisaဆိုတဲ့ ငါ့ သူငယ်ချင်းက အမြဲ အဲ့မေးခွန်းကို ငါ့ကိုမေးတယ်....ငါလည်း ဖွင့်ပြောချင်တာပေါ့ ဒါပေမယ့် ငါက သူ့အတွက် အမတစ်ယောက်လိုဘဲဆိုပြီး ပြောခဲ့ဖူးတယ်....
"Jisoo.."
"Lisa ငါဘယ်လိုလုပ်ရမလည်း......."
"နင်ခံစားနေရတာကို ဖွင့်ပြောလိုက်ပါဆို......"
"ငါ မပြောရဲဘူး...."
"Ok နင် မပြောရဲဘူးဆို ဟိုကောင်မလေးက Jennieကို ယူသွားလိမ့်မယ်....."
Ash ဟုတ်သားဘဲ အဲ့ကောင်မလေး.... သူ့နာမည်က Ireneတဲ့ ......အဲ့ကောင်မလေးက တော်တော်လှပြီးချောလို့ တစ်ကျောင်းလုံးက ကျောင်းသားရောကျောင်းသူတွေပါ သူ့ကို သဘောကျကျတယ်.....
ပြဿ နာက Jennieနဲ့ အဲ့ကောင်မလေးက ရင်းရင်းနှီးနှီး ဖြစ်နေတာဘဲ.....
"Hey ငါ အကြံတစ်ခုရပြီ သူနင့်ကို သူ့အမလို့ သဘောမထားအောင် ငါလုပ်ပေးမယ်...."
"What!"
"အတန်းအရင် သွားတက်ရအောင် ပြီးမှ ဆွေးနွေးကြမယ်...."