#unicode
နောက်ဆုံးတော့ ဂျက်လေယာဥ်ဟာ Koreaကို ဆိုက်ရောက်လာပါပြီ
လေယာဉ်ပေါ်မှာ အကြာကြီးနေခဲ့ရလို့ Jennie တစ်ယောက် အကြောဆန့်ကာ ကိုယ်လက်လှုပ်ရှားခြင်းတွေ ပြုလုပ်နေသည်
Jennie တစ်ယောက် အကြောဆန့်ရင်း အကြောဆန့်ဖို့လုပ်နေတဲ့ သူမအမေကိုလည်း လှမ်းကြည့်လိုက်သေးသည်
Private jet သုံးတာတောင် Parisကနေ Koreaကို ပြန်လာတာက ဆယ်နာရီတောင်ကြာသည်
Jennie သူမဖုန်းကိုကြည့်လိုက်တော့ မနက် တစ်နာရီ ထိုးနေပြီ
လေယာဥ်မှူးက လေယာဥ်ပေါ်က ဆင်းရမယ့် အချိန်ကို ပြောမှာစောင့်ရင်း Jisooဆီ သူမပြန်ရောက်ကြောင်း အသိပေးရန် စာပို့ဖို့ Jennie ဖုန်းဖွင့်လိုက်သည်
Jisooကို ရူးလောက်အောင် Jennie လွမ်းတယ်
Jisooကို မတွေ့ရတဲ့ နှစ်ပတ်ဟာ Jennie အတွက် ကုန်ဆုံးဖို့ ရှည်ကြာလွန်းသည်
Parisဟာ လှပပြီး စိတ်အပန်းဖြေဖို့အတွက် ကောင်းမွန်တဲ့နေရာဖြစ်ပေမယ့်Jisooကို လွမ်းနေတဲ့ Jennieအတွက် သာမန်လိုပင်
Parisကနေ ထွက်လာပြီးနောက် Jisooပို့ခဲ့တဲ့ Message ကို Jennie မဖတ်ရသေးလို့ ဖတ်နေသည်
နင့်ကို တွေ့ဖို့ မစောင့်နိုင်တော့ဘူး Jendeuk.... နင် ပြန်လာတဲ့အချိန်က ငါ ရိုက်ကွင်းမှာဖြစ်နေလို့ တောင်းပန်ပါတယ် ဒါကြောင့်မို့လို့ နေ့လည်ကျရင် တွေ့ရအောင်နော် ရိုက်ကွင်းပြီးတာနဲ့ နင့်ဆီအပြေးလာခဲ့မယ် Have a safe flightပါ အချစ်ကလေးရေ ချစ်တယ်
Jennieမှာ သူမချစ်သူပို့တဲ့ စာဖတ်ပြီး ပြုံးနေမိသည်
သို့သော်လည်း သူမချစ်သူကို အခုထိမတွေ့ရသေးသောကြောင့် Jennie နည်းနည်းတော့ ဝမ်းနည်းမိသည်
ဒါပေမယ့် Jisooက သူမအိမ်မက်ကို အကောင်အထည်ဖော်နေတာ မဟုတ်လား Jisooအတွက် ဝမ်းသာပေးရမှာပေါ့
Hey Chu. ..ငါ ပြန်ရောက်ပြီနော် ရိုက်ကူးရေးပြီးရင် messageပို့လိုက် Chuကို အရမ်းတွေ့ချင်နေပြီ ချစ်တယ်
Jennieမှာ Jisooဆီ message ပို့ပြီး သူမဖုန်းကို သိမ်းလိုက်သည်
လေယာဥ်ပေါ်က ဆင်းရတော့မည်ဆိုတော့ မီဒီယာသတင်းထောက်သမားတွေနဲ့ ရင်ဆိုင်ဖို့ Jennie အသင့်ပြင်ရသေးသည်