#Unicode
Alarm သံကြောင့် Jisoo အိပ်ရာကနေ နိုးလာသည်
အိပ်ရာကထပြီး အကြောဆန့် လေ့ကျင့်ခန်းလုပ်ပြီး Companyသို့ သွားဖို့ ရေချိုးလေသည်
မိန်းကလေးဆန်ဆန် အနောက်တိုင်း suitကို ဝတ်ပြီးနောက် မနက်စာအဖြစ် နွားနို့တစ်ခွက်ကို သောက်ပြီး Companyသို့ ကားမောင်းကာ ထွက်လာသည်
Jisooဟာ နာမည်ကြီး အလှကုန်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ company တစ်ခုရဲ့ CEOပင် ဖြစ်သည်
ကျောင်းပြီးကတည်းက သူမ အဖေရဲ့ companyမှာ ဝင်လုပ်ရင်း ယခု အသက် နှစ်ဆယ့်ရှစ်နှစ်မှာဘဲ CEO တစ်ယောက် ဖြစ်နေပြီလေ
နေကာမျက်မှန်တပ်ပြီး ကား ရေဒီယိုက လွှင့်တဲ့ သီချင်းလေးကို ဆိုညည်းလာရင်း သူမတို့ company နားရောက်ခါနီးတော့ Jisoo သက်ပြင်းချလိုက်သည်
"ဒီကလေးမ ရောက်နေပြန်ပြီ..."
ဆယ်ကျော်သက်အရွယ်သာ ရှိတဲ့ ကောင်မလေးတစ်ယောက်မှာ ကားလာမယ့် လမ်းမပေါ်တွင် ရပ်နေသောကြောင့် Jisoo ကားရပ်ပေးလိုက်ရသည်
Jisoo ကားကိုရပ်လိုက်လိုက်သည်နဲ့ တစ်ပြိုင်နက် ကောင်မလေးမှာ ကားရှိရာသို့ လျှောက်လာပြီး ကားမှန်ပြတင်းပေါက်ကို ခေါက်လိုက်သည်
Knock knock
Jisoo ကားမှန်ပြတင်းပေါက်ကို ဖွင့်လိုက်ပြီး
"ကလေးမ ဘာ...."
"ရော် မမကလည်း ကျွန်တော့်နာမည်က ကလေးမ မဟုတ်ဘူး Lisa Manoban ပါလို့ ဘယ်နှခါပြောရမှာလည်းဗျာ....ကလေးမချည်းခေါ်နေတော့တာဘဲ "
နှုတ်ခမ်းကို ဘဲပေါက်လေးတစ်ကောင်လို ထော်ပြီး ပြောနေတဲ့ Lisa Manoban ဆိုတဲ့ ကောင်မလေးကို Jisoo ကြည့်ပြီး သက်ပြင်းချလိုက်သည်
"ဟုတ်ပြီ Lisa Manoban ဘာကိစ္စလည်း "
"ရော့ ချိုချဥ်....ကျွန်တော့် မမ အလုပ်လုပ်ရင်း အပျင်းပြေ အငိုက်ပြေ စားရအောင်လို့ "
Lisa ပြောပြီး သူ့လက်ထဲက ချိုချဥ်တောင့်လေးကို Jisooအား ပေးလိုက်သည်
"ရပြီ မမ Companyကို သွားလို့ရပါပြီ bye. .."
သူမကို နှုတ်ဆက်ပြီး ထွက်သွားတဲ့ Lisaဆိုတဲ့ ကောင်မလေးကို ကားမှန်ထဲကနေ ကြည့်ရင်း Jisoo သက်ပြင်းချလိုက်သည်