Jennie's Happiness (Jensoo)

645 71 3
                                    

#Unicode

"အဲ့မိန်းမတော့ ငါက ကြင်နာတတ်ပြီး မဆဲတတ်တဲ့သူ ဖြစ်နေလို့ ကံကောင်းသွားတယ် မှတ်ပါ ဟင်း တကယ်ပါဘဲ သူက ငါ့ထက်ကြီးတာနဲ့ ငါ့ကို ဆဲလို့ရတယ် ထင်နေတာလား တကယ်ပါဘဲ အား...."

Jennie Kimမှာ စိတ်တွေဆိုးပြီး ဆက်တိုက် နှုတ်ခမ်းထော်ပြီး မကျေနပ်ချက်တွေကို ထုတ်ဖော့ပြောနေသည်

Jisooကတော့ သူမရဲ့ အသည်းပုံသဏ္ဍာန်ရှိတဲ့ နှုတ်ခမ်းလေး ပေါ်အောင် ပြုံးပြီး Jennie ပြောတာကို နားထောင်နေရှာသည်

Jennieရဲ့ ပါးဖောင်းဖောင်းလေးတွေက မို့တက်လာလေ Jisoo ပိုပြီး ပြုံးမိလာလေ....

Jisoo တစ်ယောက် သူမချစ်သူကို အူတွေအသည်းတွေယားလာလို့ Jennieရဲ့မေးစေ့လေးကို ကိုင်ပြီး သူမဘက် မျက်နှာဆွဲလှည့်လိုက်သည်

မိန်းမကြီး တစ်​ယောက်က သူမကို ဝင်တိုက်ပြီး မတောင်းပန်တဲ့အပြင် လူတစ်ယောက်လုံးကို မမြင်ရအောင် ကန်းနေတာလားလို့ ပြန်ရန်လုပ်ဆဲဆိုသွားသောကြောင့် ဒေါသထွက်နေတဲ့ Jennieကို Jisoo ကြည့်လေ ချစ်မဝလေ ဖြစ်နေသည်

"အရမ်းချစ်ဖို့ကောင်းတာဘဲ "

Jisoo တွေဝေခြင်းမရှိဘဲ Jennieရဲ့ ပါးဖောင်းဖောင်းလေးကို ရွတ်ခနဲနမ်းလိုက်သည်

"နင်က အရမ်းချစ်ဖို့ကောင်းတာသိလား "

Jisooက ရုတ်တရက်ဆွဲနမ်းပြီး ပြောလိုက်တဲ့ စကားကြောင့် ဒေါသထွက်နေတဲ့ Jennie မှာ ရှက်ပြီး ပါးလေးနှစ်ဖက် နီလာသည်

"လာပါအချစ်ရဲ့ အသက်ကြီးပြီး အချိန်မစီးတဲ့ အန်တီကြောင့် စိတ်တိုခံမနေနဲ့ နင့်ရဲ့တန်ဖိုးရှိတဲ့နေ့လေးက သူ့ကြောင့် ပျက်စီးသွားဖို့ မထိုက်တန်ဘူးလေ ဟုတ်တယ်မလား..ဒီနေ့ ဘာလုပ်ချင်လည်း အချစ်လေး "

စိတ်တိုနေတဲ့ Jennieမှာ Jisooရဲ့ စကားကြောင့် ဒေါသထွက်နေတာတွေ ပျောက်ပြီး ပြုံးမိသွားသည်

"Jen ငါက ကမ္ဘာကြီးကို လက်နဲ့ထိနိုင်တယ်ဆိုတာ ယုံလား "

Jisooရဲ့ စကားကြောင့် Jennie နှာခေါင်းရှုံ့ကာ ခေါင်းခါလိုက်သည်

"ဒါတော့ နည်းနည်းများသွားပြီ Ji "

"ဟော မယုံဘူးလား ပြမယ် ..."

You've reached the end of published parts.

⏰ Last updated: May 27, 2022 ⏰

Add this story to your Library to get notified about new parts!

Blackpink One ShotWhere stories live. Discover now