#Unicode
"Chae မပြန်နဲ့တော့ ဒီမှာဘဲ အိပ်လိုက်တော့....မိုးကလည်း ရွာနေသေးတယ် တစ်ယောက်တည်း ပြန်ရတာ အန္တရာယ်များတယ် စိတ်မချဘူး "
Jisoo သူမ ချစ်သူ Chaeyoungကို စိတ်ပူပြီး သူမ တိုက်ခန်းမှာဘဲ အိပ်ဖို့ ပြောနေသည်
Jisooနဲ့ Chaeyoung ချစ်သူ ဖြစ်တာ နှစ်နှစ်ရှိပါပြီ......company တစ်ခုမှာ အလုပ်အတူလုပ်ရင်း နှစ်ယောက်သား အနေနီးပြီး နှလုံးသားတွေပါ နီးစပ်သွားခဲ့ကြသည်
ယခု Chaeyoung က သူမ ချစ်သူ Jisoo တိုက်ခန်း
မှာ ရုပ်ရှင်အတူကြည့်ဖို့ ရောက်လာခြင်း ဖြစ်သည်Jisooက လူရှုပ်တဲ့နေရာတွေ သိပ်မကြိုက်လို့ သူမတို့ movie dateဆို Jisoo တိုက်ခန်းမှာဘဲ အမြဲ တွေ့ကြလေ့ရှိသည်
Chaeyoung ပြတင်းပေါက်အပြင်ကို လှမ်းကြည့်တော့ မိုးရွာနေတဲ့ အပြင် လျှပ်စီးတွေကပါ လျှပ်နေသည်
ဒါကြောင့် သူမ ချစ်သူ ပြောစကားနားထောင်ဖို့ ဆုံးဖြတ်လိုက်သည်
"ဟုတ် ဒါဆို Chae မပြန်တော့ဘူးနော် Soo "
"လိမ်မာတယ် ဒါနဲ့ မလေ အလုပ်က ပြန်လာတုံး နှုတ်ခမ်းနီ အသစ် ကြော်ငြာနေတာ တွေ့လို့ ဝယ်ခဲ့တယ် အရောင်လေးက Chaeနဲ့ လိုက်မယ် ထင်တယ် "
Jisoo ပြောပြီး သူ့ အိတ်ထဲက နှုတ်ခမ်းနီဘူးကို ရှာလိုက်သည်
"ကဲ ဒီမှာ လာ မ ဆိုးပေးမယ် "
Jisoo နှုတ်ခမ်းနီဘူးကို ဖွင့်ပြီး Chaeyoung နှုတ်ခမ်းကို ဆိုးပေးလေသည်
"ဝါး အဲ့အရောင်လေးနဲ့ Chae တော်တော်လှတယ် "
"တကယ်လား Chae လည်း ပြန်ဆိုးပေးမယ် Soo "
Chaeyoung လည်း Jisooနှုတ်ခမ်းကို နှုတ်ခမ်းနီ ပြန်ဆိုးပေးနေရင်း Jisooရဲ့ အသည်းပုံနှုတ်ခမ်းလေးကို အသည်းယားလာလို့ ပြွတ်ခနဲ နမ်းလိုက်သည်
"အရမ်းချစ်တာဘဲ sooရယ်.......chaeတို့ လက်ထပ်ရအောင်နော်....Sooနဲ့ မခွဲနိုင်ဘူး....... "
Jisooကို ဖက်ပြီး Chaeyoung ပြောလိုက်သည်.........
"နောက် သုံးနှစ်နေရင် လက်ထပ်ကြတာပေါ့ မ လည်း Chae နဲ့ အတူနေဖို့ ပိုက်ဆံစုနေတယ် Chaeလည်း မုန့်တွေသိပ်မစားဘဲ ပိုက်ဆံစုပါ နော် "