#Unicode
"Jichu Yah.......ထတော့လေ အလုပ်သွားရအုံးမယ် မဟုတ်လား........"
အသံတစ်သံကြောင့် Jisoo အိပ်ရာကနေ ဝမ်းသာအားရ ထလာပေမယ့် တစ်စုံတစ်ခုကို သတိရပြီး မျက်နှာလေး ညိုးသွားလေသည်........
"Jichu Yah......ထတော့လေ အလုပ်သွားရအုံးမယ် မဟုတ်လား......."
Jisooကုတင်ဘေးက စားပွဲပေါ်မှာ တင်ထားတဲ့ သူ့ဖုန်းကို ယူလိုက်တယ်....... ပြီးတော့ ဖုန်းက
Alarmကို ပိတ်လိုက်ပြီး သက်ပြင်းချလိုက်သည်"ဒီနေ့လည်း သက်ပြင်းတိုးတိုးလေးချရင်း နင့်ကို လွမ်းမိပြန်ပြီ Jen"
Flashback
မိုးသည်းတဲ့ ညနေခင်းမှာ Jisoo အလုပ်ကနေ ဘတ်စ်ကားရှိရာကို ထီးနဲ့လျှောက်လာစဉ် အထုပ်တွေကို ကိုင်ပြီး မိုးရေထဲ ထီးမပါဘဲ လျှောက်လာတဲ့ ကောင်မလေးတစ်ယောက်ကို မြင်တော့ ထီးဆောင်းပေးလိုက်သည်.......
ထိုကောင်မလေးက Jisoo ထီးဆောင်းပေးတာကို မသိ..... သူ့ဇောနဲ့သူ လမ်းလျှောက်နေရင်း သူ့ပေါ် မိုးရေစက်တွေ မကျတော့တာ ခံစားမိမှ မော့ကြည့်တော့ သူ့အပေါ်မှာ ထီးတစ်လက်......... ထိုထီးကို ကိုင်ထားတဲ့ Jisooကို အားနာတဲ့ အကြည့်နဲ့ ကြည့်ကာ.........
"အားနာလိုက်တာရှင် chawကြောင့် ဒီကတစ်ယောက် မိုးတွေရွှဲကုန်ပြီ"
Jisoo သူ့အနွေးထည်ကို ပုတ်ပြရင်း
"ဒါက မိုးကာအနွေးထည်လေ မိုးရာသီရော ဆောင်းရာသီအတွက်ပါ အသုံးဝင်တယ်.......နင့်လက်ထဲက အသီးအရွက်တွေက မိုးရေတွေတအားစိုပြီး ပျက်စီးသွားလိမ့်မယ်...... ညစာအတွက် ဝယ်လာတာလား......."
ကောင်မလေး သူ့လက်ထဲက အထုပ်တွေကို မြှောက်ပြပြီး......
"ဒီ အသီးအရွက်တွေလား ညစာအတွက် မဟုတ်ပါဘူး ညစာက Omarက ချက်ပြီးသား...... "
"ဒါဆို....."
"Chaw အိမ်ကို ပြန်လာရင်း လမ်းမှာ အဘွားတစ်ယောက် မိုးရေထဲမှာ ဈေးထိုင်ရောင်းနေတာ တွေ့ပြီး သနားလို့ chaw မုန့်ဖိုးနဲ့ ဝယ်လာတာ Unnie စားချင်ရင် ယူသွားလိုက်လေ chawကို ထီးဆောင်းပေးလို့ လက်ဆောင်အဖြစ်ပေးတာ........."