"မင်းရဲ့ သူငယ်ချင်းကို မင်း သဘောကျမိသွားရင်.....သူက မင်းကို သူငယ်ချင်းလိုဘဲ ဆက်ဆံတဲ့အခါ.....မင်း နာကျင်မနေပါနဲ့......"
Chaeyoung's POV
Kim Jennieဆိုတဲ့ သူမကို ကျွန်မ တစ်ဖတ်သက်အချစ်နဲ့ ချစ်နေတာကြာပါပြီ
သူမဟာ ကျောင်းမှာ ယောင်္ကျားလေးတွေရော မိန်းကလေးတွေကြားမှာပါ အလွန်နာမည်ကြီးသူ တစ်ယောက်ဖြစ်ပါတယ်.....
အဲ့မိန်းကလေးကြားထဲမှာ အဲ့မိန်းကလေးတွေထက် သူမကို ပိုချစ်မိနေတာ ဘယ်သူလည်းဆိုတော့ Park Chaeyoungဆိုတဲ့ Jennieရဲ့ သူငယ်ချင်းဖြစ်သူ ကျွန်မပါဘဲ.....
"Chaeyoung.. ...."
ကျောင်းထဲဝင်ခါနီး ကျွန်မရဲ့ နာမည်ကို ခေါ်သံကြားလို့ ခေါ်တဲ့သူ ကျွန်မနောက်ကိုမမှီလာအောင် လမ်းလျှောက်တာကို မြန်လိုက်တယ်.........ဘာလို့မြန်လိုက်တာလည်းဆိုတော့ ကျွန်မရဲ့ နာမည်ကို အော်ခေါ်သူက Jennie ဖြစ်နေလို့ပါ..........
"Yah....Chaeyoung.....ငါခေါ်တာကို နင်ကြားတယ်ဆိုတာ ငါ သိတယ်နော်....."
Jennie အော်ပြီး ကျွန်မနောက်ကို ပြေးလိုက်လာတယ်....."Yah....."
ကျွန်မရဲ့ လက်ကို မဆွဲဘဲ ရုတ်တရက် ခါးကို အနောက်ကနေ သိုင်းဖက်လိုက်တယ်
"Yah...Chaeyoung.....ဘာလို့ ငါခေါ်တာကို မကြားချင်ယောင်ဆောင်နေတာလည်း......"
Jennieဆီက ကျွန်မ ရုန်းထွက်လိုက်ပြီး
"ငါ...ငါတကယ် မကြားလို့ပါဟ...."Author's POV
Chaeyoung ရှက်ပြီး မျက်နှာကြီး နီရဲနေတော့ Chaeyoungရဲ့ ပါးနှစ်ဖက်ကို Jennie ဆွဲညှစ်လိုက်တယ်"Aigooo Cute..."
Jennieရဲ့ လက်ကို Chaeyoung ပုတ်ထုတ်လိုက်ပြီး
"Yah....ငါက ကလေးမဟုတ်တော့ဘူး အဲ့လိုမလုပ်စမ်းနဲ့....."Chaeyoung သူ့ရဲ့ ရှက်သွေးဖြာကာ နီရဲနေတဲ့ ပါးဖောင်းဖောင်းလေးကို မမြင်စေချင်လို့ Jennieကို ကျောပေးပြီး ကျောင်းထဲကို ၀င်လိုက်သည်။