#zawgyi
"Ash အသုံးမကျလိုက်တဲ့ ငါ....."
Lisa သူ့ပါးပေါ် စီးကျလာတဲ့ မျက်ရည်တွေကို သုတ်ပြီး မျက်နှာကျက်ကို ကြည့်ကာ ရေရွတ်လိုက်သည်
"ရူးမိုက်လိုက်တဲ့ငါ ဦးနှောက်မရှိတဲ့သူကျနေတာဘဲ....."
Lisa သူ့ကိုယ်သူ အပြစ်တင်ကာ စိတ်ပျက်နေမိသည်
အဘယ်ကြောင့်ဆိုသော် ......Lisa အပေါ် သူမ လုပ်ပေးခဲ့သမျှကို အကောင်းမြင်ပေးလို့ မရခြင်း....သူမနဲ့ အလိုမတူဘဲ လက်ထပ်ခဲ့ရတုံးက သူမကို အပြစ်တင်မိပြီး ဘယ်တော့မှ ချစ်နိုင်မှာ မဟုတ်ဘူးလို့ တွေးမိခဲ့ခြင်းတွေဟာ .....Lisa ကို နောင်တရစေခဲ့သည်
ထိုင်းနိုင်ငံမှာ အသက် ၂၂နှစ်နဲ့ နာမည်ကြီး မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ပျော်ရွှင်တဲ့ ဘ၀လေးကို Lisa သူ့အဘွားနဲ့ မတွေ့ခင်အထိ ပိုင်ဆိုင်ခဲ့သည်
သို့သော်လည်း သူ့အဘွားတွေ့ပေးတဲ့ Park Chaeyoungနဲ့ တွေ့တဲ့အခါ.....
"တွေ့ရတာ ၀မ်းသာပါတယ် Lisa....."
Chaeyoung နှုတ်ဆက်တော့ Lisaမှာ မျက်မှောင်ကြုတ်ပြီး
"Yep...ငါကတော့ နင့်လို မဟုတ်ဘူး....."အဖုအထစ်တွေနဲ့ မင်္ဂလာနေ့ကိုရောက်တော့လည်း လူအများကြားမှာမို့ Lisa ပျော်ချင်ယောင်ဆောင်နေခဲ့ရသည်
မင်္ဂလာပွဲပြီးတော့ မိသားစု ဓာတ်ပုံရိုက်မယ့်အချိန် Lisa သူ ချစ်သူ မိန်းကလေး Jennieဆီ ပြေးသွားမိခဲ့သည်
Chaeyoungမှာတော့ နှစ်ဖက်မိဘရှေ့ ပြဿနာ မဖြစ်ချင်လို့ ဒီတိုင်း ဖာသိဖာသာဘဲ နေခဲ့သည်
Lisaကို အမြဲ Chaeyoung ဂရုစိုက်ပေမယ့် Lisaကတော့ Chaeyoung ကို လျစ်လျူရှုခဲ့သည်....ဆိုးရွားစွာသာ ဆက်ဆံခဲ့သည်.......
မင်္ဂလာဦးညက တစ်ယောက်တည်း အချိန်ဖြုန်းခဲ့ရတဲ့ Chaeyoung အကြောင်း တွေးမိပြီး Lisa စိတ်မကောင်း ဖြစ်လွန်းလို့ မျက်ရည်တွေကျလာသည်.....