#Unicode
"အားလုံးဘဲ ဒီနေ့ အသစ်ရောက်လာတဲ့ ကျောင်းသူနဲ့ မိတ်ဆက်ပေးမယ်...ဒီကောင်မလေးက ဆွံ့အနားမကြားဆိုပေမယ့် မင်းတို့နဲ့အတူ စာသင်မယ့် ကျောင်းသူမို့ ကြင်ကြင်နာနာနဲ့ ကောင်းကောင်းမွန်မွန် ကြိုဆို ဆက်ဆံရမယ်နော် "
Mr. Kwonရဲ့ စကားကြောင့် Jennieမှာ စားပွဲခုံပေါ် မှောက်အိပ်နေရာက မော့ကြည့်တော့ Jisoo နဲ့ အကြည့်ချင်းဆုံသွားသည်
"Jisoo သမီး အားလုံးအဆင်ပြေလိမ့်မယ်လို့ ဆရာ မျှော်လင့်ပါတယ်နော် အကယ်၍ တစ်ခုခု လိုအပ်ရင် တစ်ခုခုဖြစ်ရင် ဆရာ့ကို လာပြောနော် ခုတော့ Jennie ဘေးမှာ သမီး သွားထိုင်လိုက်နော် "
Jisooမှာ Mr. Kwonရဲ့ ပါးစပ်လှုပ်ရှားမှုကို သေချာကြည့်ပြီး နားလည်ဟန်တူသည် ခေါင်းညိတ်ပြကာ Jennieရဲ့ ဘေးနားကို သွားထိုင်သည်
Jennieရဲ့ဘေးနား Jisooလည်း ထိုင်ရော အတန်းထဲက ကောင်လေးတွေမှာ Mr. Kwon မကြားအောင် တိုးတိုးတိုးတိုးနဲ့ Jisooကို လှောင်ပြောင်နေကြသည်
ဘာမှမကြားရတဲ့ Jisooကတော့ ဆရာ့ကို ကြည့်ပြီး ပြုံးနေပေမယ့် အကုန်ကြားနေရတဲ့ Jennie ကတော့ Jisoo အစား တော်တော်လေး စိတ်တိုလာသည်
Jisooကို ဆောင့်ဆွဲပြီး ဘာမှမဖြစ်သလို အရူးလို ပြုံးမနေဖို့ Jennie အော်ပြောချင်လာသည်
တစ်ယောက်တည်း တစ်ကမ္ဘာဖြစ်နေတဲ့ Jisooရဲ့ အပြုံးကို ငေးကြည့်ရင်း Jennie စိတ်တိုတာတွေ ပျောက်သွားသည်
"နင်နဲ့ Jisooက တော်တော်တူတယ်နော် "
Dormထဲတွင် Chaeyoungနဲ့ Jennieတို့ စာအတူလုပ်နေရင်း Chaeyoungရဲ့ စကားကြောင့် Jennie မျက်မှောင်ကြုတ်သွားတယ်
"အဓိပ္ပာယ် မရှိတာတွေ မပြောစမ်းပါနဲ့ Chaeyoungရယ် "
Jennieရဲ့ စကားကြောင့် Chaeyoung ရယ်လိုက်သည်
"ငါပြောတာ မဟုတ်လို့လား သူလည်း နင့်လိုဘဲ ဘယ်သူမှ စကားလာပြောတာ လက်မခံဘူး သူ့အနား လူတွေရောက်လာရင် ပြုံးပြပြီး စာဆက်ဖတ်ရင်ဖတ် မဖတ်ရင် ထွက်သွားတာလေ..."
"Humm. ."
"သူ့ကြည့်ပြီး နင့်ကိုတောင် သတိရမိသေးတယ် ဒါကြောင့် နင်... "