#unicode
"Chae. ..ငါ အိပ်မပျော်ဘူး လုပ်ပါအုံး "
Lisa တစ်ယောက် အိပ်မပျော်လို့ Chaeyoungကို ဖုန်းဆက်လိုက်သည်
Chaeyoungမှာ YSL Beauty အတွက် ရိုက်ကူးရေးကနေ သူမ အမ alice အိမ်သို့ ပြန်နေသည်
အဝတ်အစားလဲပြီးနောက် Lisa ဆီက ဖုန်းလာသောကြောင့် ကုတင်ပေါ်တွင် ထိုင်ရင်း ဖုန်းကိုင်လိုက်သည်
"နင် အရမ်းစိတ်လှုပ်ရှားနေတာဘဲ စိတ်ကို ဖြည်းဖြည်းချင်းလျော့ပြီး အိပ်ကြည့် မနက်ဖြန်လည်း Vlive Countdown ရှိနေတာကို အိပ်ရေးမဝဖြစ်နေမယ် "
"အားးး နင်တို့ မပါဘဲ Vlive လွှင့်ရတာ ဒါပထမဆုံးဘဲ.... အဲ့တာကြောင့်မို့ ငါ စိတ်ပိုလှုပ်ရှားနေတာ...."
တစ်ဖက်က Lisa စိတ်လှုပ်ရှားပြီး အသံကျယ်ကြီးနဲ့ အော်တော့ Chaeyoung သဘောကျပြီး ဟက်ခနဲ ရယ်လိုက်သည်
ထို့နောက် ကုတင်ပေါ်တက်လာတဲ့ Hankရဲ့ ခေါင်းလေးကို Chaeyoung ဖွဖွလေးပွတ်ပေးနေသည်
"Chae. ..ငါ Vlive လွှင့်နေတုံး နင်ဘေးကနေ လာထိုင်ပေးပါလား "
Lisa စကားကြောင့် Chaeyoung အာမေဍိတ်အသံတောင် ထွက်သွားရှာသည်
"ဟောတော် နင့် solo debut လေဟယ် ငါက ဘယ်လိုလုပ် နင့်ဘေးလာထိုင်ပေးလို့ရမှာလည်း "
"ဂါးးးး "
"ကဲပါ စိတ်ကို ဖြည်းဖြည်းချင်းလျော့ Loveနဲ့ ခဏဆော့နေလိုက်"
"နင် ငါ့ဆီလာမလို့လား "
"Loveနဲ့ ဆော့ခိုင်းတာလေ "
"နင်က Loveဘဲလေ "
"ကြည့် ငလည်လေး နင် တအားလည်တာဘဲ Lisa "
Lisa ဘာကိုပြောချင်လည်းဆိုတာ သဘောပေါက်ပြီးနောက် Chaeyoung တစ်ယောက် ရှက်ပြီး မျက်နှာလေးနီရဲနေသည်
"Haha အင်းပါ နင်လည်း ရိုက်ကူးရေးကြောင့် ပင်ပန်းနေမှာပေါ့ အိပ်တော့နော် ငါလည်း နင်နဲ့ စကားပြောလိုက်ရလို့ စိတ်လှုပ်ရှားတာ လျော့သွားပြီ "
"အင်းပါ ဂျင်ဆင်းသောက်ပြီး အိပ်အုံး မနက်ကျ အားရှိအောင်...တကယ်ဆို ငါနင့်ဆီ လာပြီး တစ်ညလုံးအားပေးချင်ပါတယ်. YSL က ဒီနေ့ရိုက်လို့ "