''Key ဆိုတဲ့ငါကအချစ်အကြောင်းကိုသေချာမသိဘူး blood ငါ့ကိုထားမသွားရင်ရပြီ။''
*အမူးသမားလေးအိပေါ်ကို ကြည့်ပြီး
ရှောင်ကျန့်ပြုံးမိပြန်တယ်။'မင်းက key ဆိုတဲ့ hacker ပေါ့လေ..
တယ်လည်း ဟန်ကျပါလား..ငါကမင်းကိုရှာစရာမလိုတော့ဘူး..မင်းက
Key ဆိုတာ ငါသိသွားပြီ..ဟိုကောင်လေး
ပဲ....'ရှောင်ကျန့်ရဲ့ဖုန်းမြည်သံကြောင့်
ရိပေါ်ကို အခန်းထဲထားခဲ့ပြီးရှောင်ကျန့်ကားရှိရာဆီ ခြေလှမ်းပြောင်းလိုက်တော့တယ်။
သူဖုန်းကိုင်လိုက်ချိန်မှာတော့....
ဝမ်နင်ဆီကဖြစ်နေခဲ့တယ်။''ခေါင်းဆောင်....ခြေရာခံစက်နေရာကနေ
လူတစ်ယောက် ထွက်လာတယ်။
သူ့ကို သေချာမမြင်ရဘူး.....''''စောင့်ကြည့်နေ....ငါအခုလာခဲ့မယ်
ကြားလား ဝမ်နင်.....''''ဟုတ်ကဲ့.... ခေါင်းဆောင်....''
အခန်းထဲကျန်နေခဲ့တဲ့ အိပေါ်မှာတော့
ကုတင်ပေါ်မှာ မူးပြီးအိပ်နေပါပြီ.....Bloodကတော့ ဖုန်းပြောပြီးတာနဲ့ keyကိုထားထားသည့်အခန်းဆီပြန်လာခဲ့ချိန်....
လူကိုမတွေ့တာနဲ့ အခန်းတွေတခန်းပြီးတခန်းလိုက်ရှာနေခဲ့သည်။နောက်ဆုံး VVip အခန်းတခုရှေ့ရောက်လာခဲ့တဲ့သူက...အနီးအနားကဝိတ်တာလေးဆီအကူအညီတောင်းပြီးထိုအခန်းတံခါးကိုဖွင့်ခိုင်းခဲ့ရသည်။
ဟော....တွေ့ပါပြီ ကုတင်ပေါ် ပိုးလိုးပက်လက်နဲ့ အိပ်မောကျနေသည့်
Key ကို....မြင်တော့မှ သက်ပျင်းချမိတဲ့blood...ဒါနဲ့ပဲ keyရဲ့အနားကိုရှောက်လာမိတဲ့သူ
အိပ်မောကျနေတဲ့ မျက်နှာနုနုလေးကိုကြည့်ပြီး blood ရဲ့စိတ်တွေ အတွေးနက်နဲသွားခဲ့သည်။''Key....ပြန်ရအောင်နော်....မင်းရဲ့အကိုစိတ်ပူနေတော့မယ်။''
အိပေါ်ရဲ့နားထဲ ကြားယောင်လာသည့်
စကားတို့ကြောင့် မျက်လုံးတွေကိုအသာအယာဖွင့်ကြည့်လာတဲ့သူ....''Blood.....ငါ့ကိုချစ်လားမင်း.....''
''အင်း....ချစ်တယ်လေ''
''ဒါဆိုငါတို့နှစ်ယောက်ရှေ့ဆက်သင့်တယ်လို့မင်းမထင်ဘူးလား blood....''