တဖက်နိုင်ငံကို ခိုးဝင်ဖို့အတွက် ဟွိုက်ချန်း
သူ့တပည့်တွေကို မှာကြားနေပြန်တယ်။''ဒီတခါ မိလို့ကတော့ မင်းတို့ထိုက်နဲ့မင်းတို့ကံပဲ ငါလာမကယ်ဘူးမှတ်။
ပြီးတော့ ငါ့ညီအရင်းနဲ့ အဆက်အသွယ်မရကြဘူးလား။''''ဟွန်းက korea မှာပါ boss...
မနက်ဖြန်မှာ သူ boss နဲ့ဖုန်းပြောမယ်လို့
စာပို့ထားပါတယ်။''''ကောင်းတယ်.. ငါ့ညီဆီက အဆက်အသွယ်ရမှ ဟို အနုမြူလက်နက်ကို ရအောင်ပြန်ယူနိုင်မှာ။''
''ဒီကြားထဲ king အကြောင်း ဘာသတင်းရသေးလဲ။''
''King က hacker ရှာနေတယ်လို့ သတင်းရပါတယ် boss...''
''ဘာ...သူက hacker ရှာနေတယ် ဟုတ်လား။မကောင်းတော့ဘူး သူလက်ဦးသွားရင် ငါ့ကို လက်နက်နဲ့ပက်သက်တဲ့အဖွဲ့အစည်းတွေက အရေခွံခွာကြမှာ...
ဒီတော့ ပေကျင်းမြို့ထဲက hackerတွေအားလုံးကို အကုန်ရှင်းပစ်လိုက်ကြ။
ငါပြောတာကြားလား...ခုလုပ်..''''ဟုတ်..ဟုတ်ကဲ့ပါ boss....''
''တောက်..စောက်ရေးထဲ ဒီပြသနာက မိုးမီးလောင်တာထက် အကြောင်းဆိုးမှာ..မြင်ယောင်နေသေး။ ''
'ဟွန်းက ခုထိဖုန်းမဆက်သေးပါလား..
ငါ အကူအညီလိုတယ် လုပ်စမ်းပါကွာ..'
.
.
.
..
..
.
''မေ့မေ့ အိပ်ယာကထတော့လေ..ကျောင်းသွားရမယ် မဟုတ်လား။''ဝမ်ရိပေါ်ရဲ့ စကားကြောင့်...
ကော်ဖီသောက်နေတဲ့အိပေါ်..ဆီမှ
''နေပါစေ ကောရာ..မေ့မေ့ကို ကျောင်းမတတ်ခိုင်းတော့ဘူး။''''ဘာလို့လဲ.. အိပေါ် ညီမလေး စာတွေနောက်ကျနေမှ..''
''တစ်ရက်တလေပဲ ဟာ...အိပ်ပါစေ
အော် ဒါနဲ့ကော ခနနေရင် အိပေါ်အလုပ်သွားရမယ် ကောနဲ့ညီမလေး အိမ်မှာပဲနေနော် ဘယ်မှရှောက်မသွားနဲ့။''''ကောကို ညနေမှ အိပေါ် ဆေးရုံမဟုတ်ရင်ဆေးခန်းလိုက်ပို့ပေးတော့မယ်.. ကောရဲ့ချုပ်ရိုးက ကြတ်လောက်ပါပြီ ချုပ်ရိုးဖြေရမယ်လေ။''
''နေရတာသက်သာရဲ့လား ကော...ခေါင်းထဲရော အမြင်အာရုံတွေ ရှင်းရှင်းလင်းလင်းမြင်ရရဲ့လား။''