ရှောင်ကျန့် သူ့ဖုန်းထဲရောက်နေသည့် video click ကိုမြင်ပြီး စိုးရိမ်သွားတော့တယ်။
ဝမ်ရိပေါ်ကို ဖမ်းထားတဲ့ video ထဲမှာ
သူ့ရဲ့ချစ်ရသူဝမ်ကမျက်နှာမှာ အထိုးခံထားရရှာပြီး
သူမြတ်နိုးလှတဲ့ ဝမ်ရဲ့ပါးပြင်ဥဥလေးမှာအခုတော့
ညိုမဲစွဲနေတဲ့ဒဏ်ရာတွေက သူ့နှလုံးအိမ်ကိုဖြိုချလိုက်သည့်နှယ်..'ဝမ်'ဟု သူ၏နှုတ်မှရေရွတ်မိခဲ့ပေမဲ့ လှုပ်ရှားလို့မရတဲ့ သူ့အခြေအနေကို ပြန်သတိရပြီး..
ကုတင်ပေါ်မှဆင်းရန်ပြင်နေသည့်သူ့ရဲ့ခြေလှမ်းတို့ကိုရပ်တန့်မိခဲ့တယ်။'ငါခွဲစိတ်မှု့လုပ်ထားရတာမို့ ချုပ်ရိုးတွေကမကျက်သေးဘူးပဲ ငါလှုပ်ရှားလိုက်ရင် ဒဏ်ရာတွေကသွေးထွက်လာလိမ့်မယ် ဒီလိုဆိုရင် ငါ့ဘက်ကဘာဆက်လုပ်ရမလဲ။'
'အိပေါ်ဆီကို ငါအသိပေးမှဖြစ်မယ်...ပြီးရင်
blood ကိုလည်းငါပြောပြမှရမယ်..'''ဝမ်နင်... ဝမ်နင် အပြင်မှာရှိသလား။''
ဆေးဗန်းကိုင်ပြီးရောက်လာခဲ့တဲ့ သူနာပြုလေးနဲ့ဝမ်နင်ကြောင့်..
''ခေါင်းဆောင် ခုနက ခေါ်မိသေးလား ကျွန်တော့်နာမည်ကို။''
''ငါ့ကို တစ်ခု ကူညီပေး...
ဒီဖုန်းထဲက videoဖိုင်ကို blood နဲ့ အိပေါ်ဆီ ကူညီပြီးတော့ပို့ပေးစမ်းပါ။''''ဟုတ်ကဲ့..ခေါင်းဆောင်''
''ရှိသေးတယ်... အခုလိုအခြေအနေဖြစ်လာပြီဆိုတော့.. ငါ့ရဲ့အတွင်းလူပေးထားတဲ့သတင်းပဲ။ဒီသတင်းကကြီးတယ်ဝမ်နင် သေချာနားထောင်..
ပြီးတော့ အခု ပေကျင်းမြို့မှာ ဖောက်ခွဲရေးသမားတွေရောက်နေလောက်ပြီ အဲ့ဒါငှာနချုပ်ကို မင်းအမြန်ဆက်သွယ်ပြီးအကြောင်းကြားရမယ်။''''ဟုတ်ကဲ့ ဝမ်နင်အခုပဲဆောင်ရွက်လိုက်ပါ့မယ်။
ခေါင်းဆောင်စိတ်ချပါ။''နာရီဝက်အကြာတွင်.. ဝမ်နင် ရှောင်ကျန့်ရှိရာဆီ ပြန်ရောက်လာပြီး..
''မုဏ်ကျန်းကို အရှင်လက်ရဖမ်းစီးနိုင်မှဖြစ်မယ်
ခေါင်းဆောင်..အထက်ကအမိန့်ချမှတ်လိုက်တယ်။''''မင်းပဲ စီမံလိုက်ပါ ဝမ်နင်...
ငါလှုပ်ရှားလို့အဆင်မပြေသေးဘူး။''