သင်ဘောဆိပ်ကိုရောက်တော့ မန်နေဂျာမနဲ့သူ့လက်ထောက်တို့မှာ အခြေအနေအကဲခတ်နေပြန်တယ်။
''ဒီပစ္စည်းတွေက အမှန်ပဲ..ဟိုရဲအပ်ထားတဲ့ ဟာတွေပဲ ခေါင်းဆောင်ဆီအမြန်အပ်ခဲ့ ငါကျန်နေခဲ့မယ် မင်းသွားတော့။''
''ကောင်းပြီလေ...တာဝန်ကျေတယ် ချွမ်း။''
ရေထဲ ဒိုင်းပင်ထိုးဆင်းသွားတဲ့ ထိုလူကြောင့်
ဟောက်ရွှမ်းတို့အုပ်စုမှာ ရေထဲငုပ်၍လိုက်ဖမ်းခဲ့ရပြန်တယ်။ဒါပေမဲ့ လျှင်မြန်လွန်းတဲ့ထိုလူကြောင့် သူတို့အုပ်စုတွေမျက်ခြေပျက်ကျန်ခဲ့ရရှာသည်။
''ဟိုအပေါ်ကတစ်ယောက်ကိုပဲ ဖမ်းခေါ်သွားရမှာပဲ
သူက အဲ့ဒီလူနဲ့ ဆက်သွယ်မှု့ရှိမှာပဲ။''''သူမအသက်မရှိတော့ဘူး..ဒုခေါင်းဆောင်ရွှမ်း။''
''ဘာ...''
''သူမ သေသွားပြီ ကြည့်ရတာ သူမကိုယ်သူမသေကြောင်းကြံစည်သွားပုံပဲ။''
''ဦးခေါင်းမှာ သေနတ်ဒဏ်ရာ တချက်ရှိတယ်။''
''ဒါဆိုရင် ငါတို့တွေကို လူစုခွဲပြီး ရှင်းထုတ်လိုက်တဲ့သဘောပဲ ခေါင်းဆောင်မှာ အန္တရာယ် ရှိနေပြီ အမြန်သွားကြမယ်။''
ဒါပေမဲ့ ထိုအလောင်းကောင်ကြီးရဲ့လက်ပတ်နာရီမှ ချိန်ကိုက်ဗုံးကြောင့်ပဲ ဟောက်ရွှမ်းတို့အုပ်စုမှာ
အလဲလဲအပြိုပြို ဒဏ်ရာများစွာရခဲ့တော့သည်။ဗုံး💥💥...ဆိုသည့်ပေါက်ကွဲမှု့ကြောင့်..
သင်ဘောဆိပ်ကြီးထဲတွင် ထပ်ဆင့်မီးများစွာလောင်ကျွမ်းခဲ့ရလေသည်။လွင့်စင်သွားသည့် ရဲများမှာ ဒဏ်ရာများကြောင့်
မလှုပ်နိုင်တော့ပဲ မရှု့မလှခံစားကြရရှာတယ်။ရှောင်ကျန့် သူ့အခန်းထဲကနေ ထိုမျက်နှာချင်းဆိုင်တိုက်ရဲ့အပေါ်ဆုံးထပ်ဆီ မှန်ပြောင်းဖြင့်ကြည့်မိချိန်မှာပဲ မန်နေဂျာမအစစ်ကို လှမ်းမြင်သွားတော့သည်။
အဖြူရောင်ဝတ်စုံအပြည့်နဲ့ သူမကို ခုံတခုတွင်ထိုက်ရက်ကြိုးချည်ထားပြီး ပါးစပ်ကို တိတ်ဖြင့်ပိတ်ထားလေသည်။