ရှောင်ကျန့် အိပေါ်ရဲ့အခန်းထဲကထွက်သွားတာနဲ့ဝမ်နင်ဆီကိုဖုန်းထပ်ဆက်ပြန်ရော...
''ဝမ်နင် ဘာအခြေအနေထူးလဲ...''
တဖက်မှာလည်း ဝမ်နင်မြင်နေရတာက
ဝမ်ရိပေါ်ကို ကားမှတ်တိုင်နားမှာ တယောက်ထဲ တစုံတယောက်ကိုစောင့်နေသလို..''ခေါင်းဆောင် တယောက်ယောက်ကိုမြင်မိသလိုပဲ ကားမှတ်တိုင်နားမှာ..''
''ဆက်စောင့်ကြည့်နေ..video မှတ်တမ်းငါလိုချင်တယ် ဝမ်နင်...''
''ဟုတ်..ရစေရမယ်''
.
.
.
..
.
.မင်ထျန်နဲ့ လူချင်းကပ်လွဲသွားတဲ့အိပေါ်လေး...
မင်ထျန်က ကားမောင်းပြီးအထွက် club ထဲကနေ ကားလမ်းဆီထွက်လာတဲ့ အိပေါ်နဲ့
ကပ်လွဲသွားခြင်းမျိုး...အိပေါ်သူ့ရဲ့ဖုန်းကိုဖွင့်ကြည့်လိုက်တော့
misscallတွေနဲ့ ပြည့်နေတဲ့ဖုန်းလေး ဝမ်ရိပေါ်ဆီကဝင်ထားတဲ့ misscallတွေကြောင့်
''ယာ့..သွားပြီ shit!!''ထော့နဲ့ထော့နဲ့နဲ့ပဲ အငှားကားနဲ့ ပြန်လာရတဲ့အိပေါ်လေး...
သူ့စိတ်ထဲမှာတော့ bloodကို ကျိန်ဆဲလို့မဆုံးနိုင်ဘူး မေတ္တာပို့နေတာမှအစုံပဲ။
'ငါ့ရဲ့ဦးဆုံးအရာတွေကိုပဲ ယူသွားတဲ့လူ့ဂွစာကြီး လုံးဝမကျေနပ်နိုင်ဘူး။ကောဝမ်နဲ့ပြန်တိုင်မယ်... 'ရိပေါ်မှာတော့ စိတ်ပူတာမလျော့သေးတဲ့အတွက်
သူ့ညီဆီ နောက်ထပ်တစ်ကြိမ်ဖုန်းထပ်၍ခေါ်ပြန်ရော...ဒီတခါတော့ အိပေါ်ဖုန်းကိုင်လိုက်ပါတယ်..
''ကောဝမ် ပြောလေ..''
''အိပေါ် ညနက်နေပြီ ဘယ်တွေသွားနေတာလဲ ညီရာ ကောဖုန်းဆက်တာလည်းမကိုင်ဘူး ခုရောဘယ်မှာလဲ။''
''အိပေါ်ပြန်လာနေပြီကောဝမ်..''
စိတ်ပူပြီးမေးနေတဲ့အကိုဖြစ်သူကို
ပြန်လာနေပြီလို့ပဲ ဖြေလိုက်တဲ့သူ။''ကော ကားမှတ်တိုင်မှာစောင့်နေတယ်
အဲ့မှာပဲ ကားရပ်ခိုင်းလိုက် အိပေါ်...''''ဟုတ်..ကော..''
''ကောစောင့်နေမယ်..ဒါပဲနော် ကောဖုန်းချလိုက်တော့မယ်။''