ဒီနေ့ ဂုဏ်ပြုအခမ်းအနားပွဲတစ်ခုကို ဝမ်ရိပေါ်တို့ရောက်ရှိနေတာဖြစ်တယ်။
ထိုအခမ်းအနားပွဲကတော့.. နိုင်ငံတော်ရဲ့
သစ္စာရှိအမှု့ထမ်းတွေကိုသာ ဂုဏ်ပြုပေးတဲ့ပွဲတစ်ခုပါ။အခမ်းအနားပွဲစတင်ပြီးလို့မကြာပေ..
စင်မြင့်ပေါ်မှ ဖိတ်ခေါ်သံနဲ့အတူ
ရှောင်ကျန့်ထိုစင်မြင့်ရှိရာသို့တက်ရောက်လာတော့တယ်။''ဗိုလ်မှူးရှောင်ကျန့်ကို အခမ်းအနားစင်မြင်ထက်သို့
ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ။''ထိုလူရဲ့အသံအဆုံးမှာဖြင့်..
''ဖြောင်း..ဖြောင်း..ဖြောင်း''
လက်ခုပ်တီးသံများကျယ်လောင်စွာထွက်ပေါ်လာပြီးချိန်မှာတော့ ရှောင်ကျန့်ဟာ စစ်ဗိုလ်ဝတ်စုံအပြည့်ဖြင့် အကြီးအကဲအားလုံးဘက်လှည့်၍ အရိုအသေအလေးပြုလာတော့သည်။
''ဗိုလ်မှူးရှောင်ကျန့်ကို နိုင်ငံတော်သစ္စာရှိမှု့အပါအဝင် mission ပြီးမြောက်ရေးအတွက်
ဂုဏ်ပြုဆုတံဆိပ် ပေးအပ်ချီးမြှင့်ကြောင်းပါ။
လက်ခံပေးပါ..ဗိုလ်မှူးရှောင်ကျန့်။''ရှောင်ကျန့်လည်း သူ့ရှေ့တွင် ကမ်းပေးလာသည့်
ဂုဏ်ပြုဆုတံဆိပ်အား အပြုံးတို့ဖြင့် လက်ခံပေးခဲ့ရှာသည်။နှုတ်မှလဲ..''ကျေးဇူးတင်ပါတယ် အကြီးအကဲ။''
''မလိုပါဘူး..မင်းရဲ့ရဲစွမ်းသတ္တိအတွက် ထပ်ဆောင်းဂုဏ်ပြုပါတယ်ဗိုလ်မှူးရှောင်ကျန့်။''
''ဟုတ်ကဲ့..ခင်ဗျ။''
ရှောင်ကျန့်အလှည့်ပြီးတာနဲ့
ဝမ်နင် ရွှယ်ယန်း အပါအဝင် အရိပ်အေဂျင့်စုန်ချင့်တို့ကို ဂုဏ်ပြုဆုတံဆိပ် အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားပွဲကို အဆုံးသတ်ခဲ့ကြသည်။
.
.
.
အိမ်ပြန်ရောက်သော်..''ဝမ်လေး...ကောဒီနေ့ အရမ်းပင်ပန်းနေတယ်
ကိုယ့်ကို အမောပြေအနမ်းလေးတောင်မပေးချင်ဘူးလား အချစ်။''''ကျန့်ကော ကလေးတွေအရှေ့မှာဘာလို့ ဂျီပူတိုက်နေတာလည်း မရှက်ဘူးလားအကြီးဖြစ်ပြီးတော့။''