မနက်ခင်းရဲ့အလင်းရောင်လာရင်ဖြင့် လူဖြစ်ရခြင်းရဲ့လုပ်ငန်းဆောင်တာတွေနဲ
နေ့တနေ့ကို အစပြုကြတယ်မဟုတ်လား။
အိပ်ယာကထရင်..တစ်ကိုယ်ရည်သန့်ရှင်းရေးက အရေးပါလှတယ်လေ။
နောက်ပြီးအလုပ်ဆိုတဲ့တာဝန်နေရာကြီးက စောင့်ကြိုနေပြန်တယ်။
လက်လှုတ်မှပါးစပ်လှုတ်ရသူဆိုတာ..
သူဌေးများစွာအပါအဝင်ပဲ..အောက်ခြေလူတန်းစားဆိုရင်ပြောမနေပါနဲ့တော့..'အဲ့...ကျွန်တော်ကတော့ ကွန်ပျူတာတလုံးရှိရုံနဲ့အဆင်ပြေတယ်ခင်ဗျ...
Hacker တယောက်ဆိုတော့ ထွေထွေထူးထူးတော့ အလုပ်မရှုတ်ဘူးလေ။'
အိပေါ် သူ့ရဲ့အကိုနဲ့အဆက်အသွယ်မရတာ
ကြာပြီဖြစ်တဲ့အတွက် ဖုန်းခေါ်တော့..တဖက်မှ..''ကောကောဝမ်ရေ ဖုန်းလာနေတယ်..''
သူ့ညီမလေးအသံကြားတာနဲ့ မျက်လုံးအဝိုင်းသားလေးနဲ့ အိပေါ်..
''ဟဲလို..ညီလား မင်းဘယ်ရောက်နေတာလည်း အိပေါ်..ကောဆီလာခဲ့အုံး ပြောစရာတွေရှိလို့ ပြီးတော့ ကျင်မေ့က အခုကောဆီမှာ။''
''ဟုတ်..ကောဝမ် ညီလာခဲ့မယ် လိပ်စာကိုရပြီ ညီသိပြီ..ခဏနေရောက်မယ်။''
''ပြီးရောကွာ..မြန်မြန်လာ ကျင်မေ့ကို ကျောင်းပို့ရတော့မယ်။''
''ဟုတ်ဟုတ်...ကော.''
.
.
.
တဖက်က လေကြောင်းခရီးလေးမှာတော့
ကိုယ်ပိုင်မို့လို့ နားအေးမှုရှိလှတယ်။
အခုသူတို့သွားနေတာ ဟောင်ကောင်ရေလက်ကြားကို...
ပင်လယ်ပြင်ထဲက ကုန်တင်သင်ဘောဆီဦးတည်လျှက်ပါ။
Asiar boom ဆိုတဲ့ စာလုံးပါ တံဆိပ်ကို
ရှာဖွေပြီး ကုန်တင်သင်ဘောပေါ်က လူတွေနဲ့ အပြန်အလှန်ပြစ်ခတ်ကြရင်း အခြေအနေမှာပါ။ဟွိုက်ချန်း ကတော့ လက်ဆွဲအိတ်တလုံးနဲ့
စပိဘုတ်ပေါ်တက်ကာ လွတ်ရာမောင်းပြေးသွားပြန်တယ်။''ဟောက်ရွှမ်း..ဟိုကောင်နောက်ကို လိုက်မယ်..သင်ဘောပေါ်ကို ပေါက်ကွဲအားပြင်းတဲ့ ဗုံးချလိုက်တော့ ငါမမြင်ချင်တော့ဘူး။''
''ဟုတ်..လုပ်လိုက်တော့မယ်..''
လက်ထဲက ခပ်မာမာအရာတစ်ခုကို နှိပ်ချလိုက်ပြီး ရဟတ်ယာဥ်ကို လွတ်ရာမောင်းအပြီးမှာတော့ အဝေးထိန်းခလုတ်ကိုနှိပ်လိုက်တဲ့နောက်...ဗုံးးး!ဆိုတဲ့ပေါက်ကွဲသံကြီးနဲ့အတူ ကုန်တင်သင်ဘောကြီးမီးလောင်ကျွမ်းကုန်ရော..