1 month latter...
ပေကျင်းမြို့ရဲ့အထင်ကရ ဘုရားကျောင်းတွင်ခမ်းနားလှသည့် မင်္ဂလာပွဲလေးသည် ယနေ့တွင်
ဧည့်သည်အပေါင်းအား အံ့သြစေခဲ့သည်။မင်္ဂလာမောင်နှံမှာ သုံးတွဲဖြစ်နေခဲ့ပြီး... အားလုံးမှာ ခန့်ညားချောမောကြသည့် ယောကျ်ားလေးများဖြစ်ပြန်သည်။
''ထင်မထားဘူး သူတို့တွေအတည်လက်ထပ်လိမ့်မယ်လို့။''
''မင်းကသူတို့ကိုအပျော်တွဲတယ်လို့ထင်နေတာလား''
''ရွှယ်ယန်း...
ခေါင်းဆောင်ဆီသွားရအောင် လာလိုက်ခဲ့။''အဲ့ဒီနောက် မင်္ဂလာမောင်နှံတွေရပ်နေကြတဲ့နေရာဆီသို့ ရောက်လာကြတဲ့ ဝမ်နင်နဲ့ရွှယ်ယန်း။
''ဂုဏ်ပြုပါတယ်.. ခေါင်းဆောင်ကျန့်
အနာဂတ်ဘဝခရီးမှာ ချစ်တဲ့လူနဲ့သက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေဗျာ..''''အေးပါ ဝမ်နင်ရာ...''
''ဒါနဲ့ခေါင်းဆောင်နဲ့ သူကအရမ်းလိုက်ဖက်တယ်
ေနာ်။''''အားကျလို့လား...ဝမ်နင်။''
''မဟုတ်တာပဲ ''
ဝမ်ရိပေါ်ကိုကြည့်ပြီး ရှောင်ကျန့်နဲ့လိုက်ဖက်ညီတယ်ဟူ၍ ချီးမွမ်း နေသည့်တပည့်ဖြစ်သူကို ရှောင်ကျန့်ခပ်ပြုံးပြုံးလေးသာ အသိအမှတ်ပြုခဲ့လေတယ်။
''ခေါင်းဆောင်ကအရမ်းကံကောင်းတယ်နော်...
ချစ်တဲ့သူနဲ့လက်တွဲနိုင်လို့။''''ရွှယ်ယန်း...မင်းကရော လူပျိုကြီးပဲလုပ်တော့မလို့လား မင်းရဲ့အနီးနားမှာပဲ အချစ်ရနံ့တွေက တည်ရှိနေတာ မင်းကနှာခေါင်းမကောင်းလို့ထင်တယ်။''
''ခေါင်းဆောင်...ဘာတွေပြောနေတာလဲ။''
''မဟုတ်လို့လား..အရူးကောင်ရဲ့ ''
''ဟီး..အဲ့ဒါက..မစရသေးဘူး ကျွန်တော့်မှာလိုအပ်ချက်တွေရှိနေသေးတယ်ထင်တယ်''
''မင်းကလည်းကွာ အရိပ်ပြလို့အကောင်မမြင်ဘူး။
ငါ့တပည့်မပီသလိုက်တာ..''''ေခါင်းဆောင်ပြောလည်းခံရမှာပဲ''
''ကျန့်ကော...အခု မင်္ဂလာပွဲထဲမှာနော် မြှားနတ်မောင်လုပ်မနေနဲ့..ပတ်ဝန်းကျင်ကိုကြည့် မျက်လုံးတွေနဲ့နားတွေကအပြည့်ပဲ ပေါက်ကရကိုလုပ်လွန်းတယ် မနိုင်ဘူး။''