ep(7)💞

769 59 6
                                    

ချိန်းထားတဲ့နေရာကိုရောက်တာနဲ့ မျက်နှာကိုမမှတ်မိအောင် မျက်နှာကို ပုဝါအနက်ရောင်နဲ့ စည်းလိုက်ပြီး မျက်မှန်ဝိုင်းလေးတပ်ထားလိုက်တဲ့ အိပေါ်လေး...
တဖက်မှ ရှောင်ကျန့်ကတော့ သူတပ်နေကျ ရွှေရောင်မျက်နှာဖုံးတဝက်ကို တပ်ဆင်ထားရှာတယ်။

ဟောက်ရွှမ်းနဲ့ မင်ထျန်နဲ့က သူတို့နှစ်ယောက်ရဲ့ဘေးမှာ ကိုယ်စီရပ်ကြည့်နေကြပြီး အကဲခတ်နေကြပြန်တယ်..တစ်ဖက်နဲ့တစ်ဖက်ကို။

ရှောင်ကျန့်ရဲ့မျက်ဝန်းတွေက အိပေါ်လေးဆီအကြည့်ရောက်နေပေမဲ့..အိပေါ်ကတော့ laptop တလုံးနဲ့ အလုပ်အတွက်ပြင်ဆင်နေခဲ့တယ်။

မျက်နှာဖုံးအောက်က ရှောင်ကျန့်ရဲ့အပြုံးတွေက ကာယကံရှင်သာသိနိုင်လိမ့်မယ်
လှပနေခဲ့တာကို....

"အဟက် မင်းက ရိပေါ်ပါပုဝါစည်းထားရုံနဲ့ငါကမသိတော့ဘူးထင်နေသလား အရူးလေး မင်းဘယ်အထိငါ့ကိုလိမ်နိုင်မလဲဆိုတာစောင့်ကြည့်ရတာပေါ့ "

တဖက်က ကုဒ်တွေကြောင့်... အိပေါ်စိတ်အိုက်နေရတယ်။
ဒီ ကုဒ်တွေက ဖြေရအရမ်းခက်ခဲတဲ့အတွက် သူမနည်းဝင်ရောက်နေရခြင်းမျိုး..
''Blood.. ငါ့ကို ကူညီအုံး မင်းရဲ့ laptop
ခဏပေး..''

မင်ထျန်လည်း သူ့ရဲ့ laptop ကိုထုတ်ပေးလိုက်ပြီး..ရှောင်ကျန့်ဆီအကြည့်ပို့မိပြန်တော့..

ရှောင်ကျန့်ရဲ့အကြည့်တွေက အိပေါ်ဆီမှာမို့ သဝန်တိုစိတ်က ရင်ထဲကလိကလိနဲ့ပါပဲ။
Key..က သူ့ရဲ့အချစ်တော်..သူ့ရဲ့တိတ်တဆိတ်အချစ်ဆုံးလူသား..
သူ့ဘက်ကသာ ဖွင့်မပြောရဲတာ.. ခင်မင်မှုသံယောဇဥ်တွေ ထိခိုက်မှာစိုးတဲ့အတွက်ပါ။
ခုတော့ မရတော့ဘူး..key ကို သူ့ဘက်က
ဒီစကားတွေ ပြောမှဖြစ်တော့မယ်ထင်တယ်။
ပုံမပျက်ဟန်ဆောင်ရင်း..key ကိုသာအာရုံစိုက်နေမိတဲ့ blood..

အိပေါ်ကတော့ virus တွေကို တဖက်ကုဒ်
Password ဖွင့်ရာမှာ ထည့်သွင်းအသုံးပြု၍
ရအောင် hack ယူနိုင်ခဲ့ပေမဲ့ တည်နေရာကိုတော့ အတပ်မသိနိုင်သေးပေ။
ထိုကုဒ်တွေရဲ့ တဆင့်ခံ password ကအလုပ်မလုပ်သေးတဲ့အတွက် တဆင့်ခံကုဒ်အတွက် အချိန်လိုသေးတယ် သူ့အတွက်။

different love knot💞Donde viven las historias. Descúbrelo ahora