''ဝမ်နင်... ငါ စတင်လှုပ်ရှားပြီနော်
မင်းတပ်ဖွဲ့ကိုဦးဆောင်ပြီး လေဖောင်းကရိယာပြင်ဆင်ထားပါ ဒါမှကလေးအတွက် ဘေးကင်းစေမှာ။''''အင်းပါ ငါစီစဥ်ထားမယ် ရွယ်ယန်း..''
''ok..''
စနိုက်ပါ ပစ်ကွင်းထဲတွင် မုဏ်ကျန်းရဲ့လက်အတွင်းကိုင်ဆောင်ထားသည့် ဗုံးထိန်းခလုတ်ကို
အတိအကျသေချာချိန်ရွယ်ထားတဲ့ သူ...ရဟတ်ယာဥ်ပေါ်တက်နေသည့် မုဏ်ကျန်းကို
အသေအချာမြင်ရတာနဲ့ လက်ညှိုးအား ကွေးညွှတ်ချလိုက်တဲ့ ရွှယ်ယန်းကြောင့် မုဏ်ကျန်းမှာ မိမိ၏လက်ထဲမှအရာကို လွှတ်ချမိလေသည်။''အား...''
ရွှယ်ယန်းရဲ့ဒုတိယပစ်ချက်မှာ
ရဟတ်ယာဥ်မောင်းသမားကိုဖြတ်ကျော်လာပြီး
မုဏ်ကျန်းရဲ့နဖူးဆီထပ်မံဝင်ရောက်လာတဲ့
ကျည်ဆံကြောင့် ထိုနေရာတွင်ပဲ သေဆုံးခဲ့ရရှာသည်။ရှောင်ကျန့်ကတော့ ပျက်ကျလာတဲ့ ရဟတ်ယာဥ်ပေါ်မှတူမဖြစ်သူအားကယ်တင်ရန် တိုက်အမြင့်ပေါ်မှ ရဟတ်ယာဥ်ပေါ်သို့လိုက်ပါခုန်ချခဲ့ပြီး ကလေးရဲကိုယ်ပေါ်မှဗုံးတို့ကိုအမြန်ဖယ်ရှားကာ
အောက်သို့နှစ်ယောက်သားခုန်ဆင်းခဲ့တော့တယ်။''ရှန့်လေး ကြောက်တယ်..ဦးဦးကျန့်.. ''
''ရှန့်လေးမကြောက်နဲ့ ဦးဦးကျန့်ရှိတယ်နော်..
မျက်လုံးတွေကိုပိတ်ထားလိုက်။''''ခေါင်းဆောင် သတိထား..''
''ဝမ်နင်ခေါင်းဆောင်ပါကလေးနဲ့အတူပြုတ်ကျလာတယ် မင်းသေချာဂရုစိုက်ပါ။''
''ငါမြင်နေရတယ် ဟွန်း။''
''ကောင်းပြီ..ငါသွားစရာရှိသေးတယ်ဝမ်နင်
နောက်မှပဲဌာနချုပ်မှာပြန်ဆုံကြမယ်။''''ok..ဂရုစိုက်ပါ ဟွန်း။''
''အင်း..ကျေးဇူးပဲဝမ်နင်''
လေဖောင်းကရိယာပေါ်သို့ တည့်တည့်မတ်မတ်ပြုတ်ကျလာတဲ့ရှောင်ကျန့်နဲ့တူမဖြစ်သူတို့ကြောင့်
''ခေါင်းဆောင်အဆင်ပြေရဲ့လား..''
''မီးမီးရှန့်ရော ဘာဖြစ်သွားသေးလဲ ထိခိုက်မိတာရှိလား ဦးဦးကိုပြော။''