ဆေးရုံဆီမှာရှိနေတဲ့ ရှောင်ကျန့်ဆီ ဝင်လာတဲ့ဖုန်းကြောင့်..
''အေးပြော ဝမ်နင်..''တဖက်မှစကားကိုကြားပြီးတော့မှ...
ဘာ!!...
ရှောင်ကျန့် ဆောက်တည်ရာမဲ့စွာဖြင့်
''ဟောက်ရွှမ်း ရှန့်ရှန့်လေးကို သွားရှာလာခဲ့။''
''ဟုတ်..ခေါင်းဆောင်..''
ဝမ်ရိပေါ်ရဲ့ ခေါင်းကဒဏ်ရာကို ချုပ်ပေးလို့အပြီးမှာတော့ ဆရာဝန်ဆီကဆေးရုံဆင်းခွင့်ယူပြီး ရှောင်ကျန့်ဝမ်ရိပေါ်ကို အိမ်ရှိရာမေးပြီးပြန်လိုက်ပို့ပေးခဲ့တယ်။
အခန်းတံခါးခေါက်သံကြောင် ကျင်အာလေးကပဲ တံခါးသွားဖွင့်ပေးခဲ့ရှာတယ်။
ကျင်အာလေးရဲ့ဘေးက ရှန့်ရှန့်လေးကို
ရှောင်ကျန့်မြင်ပြီး ''လျဲ့ရှန့် သမီးကဘာလိုဒီမှာရှိနေရတာလဲ ဟင်။''''ရှန့်ရှန့်ကို လူသုံးယောက်လာဖမ်းနေလို့ ဒီကျဲကျဲကခေါ်လာခဲ့ပေးတာပါ ဦးဦးကျန့်။''
''ဦးဦးကျန့် ဒီနေ့ကျောင်းမှာ ရှန့်ရှန့်ကို လူသုံးယောက်က အတင်းခေါ်နေတာမြင်လို့
သမီးက အိမ်ကိုခေါ်လာခဲ့ပေးတါ။
အဲ့ဒီလူတွေက လူဆိုးတွေပဲနေမယ် ကြောက်ဖို့ကောင်းတယ်အရမ်း။''ကျင်အာလေးရဲ့အဖြေကြောင့် ရှောင်ကျန့်လည်း အခြေအနေကိုသဘောပေါက်နားလည်သွားပြီး ''ကျေးဇူးတင်ပါတယ် မေ့မေ့ရယ် မဟုတ်ရင် ဦးဦးရဲ့တူမလေးကို
ပြန်ပေးသမားတွေကခေါ်သွားကြမှာ။''''ရပါတယ် ဦးဦးကျန့်။''
''ဒါနဲ့..ကောကောဝမ်က ဘာဖြစ်လို့လဲ ခေါင်းမှာလဲပတ်တီးတွေနဲ့...''
''မေ့မေ့ရဲ့ အကိုက အလုပ်မှာ နည်းနည်းထိခိုက်သွားလို့ပါ ခေါင်းမှာဒဏ်ရာနည်းနည်းရသွားလို့ ဦးဦးက ဆေးခန်းလိုက်ပြပေးပြီးအိမ်ပြန်ပို့ပေးတါ။''
''ဟုတ်ကဲ့ဦးဦးကျန့်ကောကော အိပေါ်က စားစရာသွားဝယ်နေလို့ ပြန်မလာသေးဘူး..မေ့မေ့ကဗိုက်ဆာတယ်ပြောလို့။''
''ဟုတ်ပါပြီ ဦးဦးကျန့်က ခဏတော့စောင့်နေပေးမယ်နော်..မေ့မေ့လေး။''