Unicode
12.2.2021
ကြံစည်ထားတဲ့အတိုင်း Hoseok, Taehyung အား ဖွင့်ပြောဖို့ စီစဥ်သည်... အကိုဆော့ဂျင်ကို စောင့်နေရင် ဖြစ်နိုင်ချေက. ၅၀ရာခိုင်နှုန်း တောင်မသေချာပါ... ဒါကြောင့် သူတစ်ယောက်ထဲ လှုပ်ရှားဖို့ ပြင်သည်.....
ယခင်နေ့တွေအတိုင်း...ရွာထဲအုပ်စုလိုက်သွားနေပေမဲ့ Hoseok. ခေါင်းထဲတော့... အတွေးများသာပြည့်နှက်နေသည်.. မကြာပါ... ရွာထဲရောက်လို့ ဖြေရှင်းရမဲ့ကိစ္စများတိုင်ပင်ကြသည်...
ခုတစ်ခါလဲ လင်မယားကြားကပြဿနာဘဲ. ဒါမဲ့ ကလေးတွေလဲရှိသေးတာမို့ အနီးကပ်သွားကြည့်ဖို့တော့ လိုမယ်ထင်တယ်.. ဒါကြောင့်တာဝန်ခွဲကြရအောင်..
Jiminကတာဝန်ခွဲဖို့ဦးစွာ ဆိုလိုက်တော့ အားလုံးကလဲ လက်ခံကြသည်...
Hoseok hyungက.. သူတို့နေအိမ်ကိုအနီးကပ်သွားကြည့်ပေးပါ... အဖော် နောက်တစ်ယောက်လဲခေါ်သွားပေါ့.. အကိုဆော့ဂျင်ကတော့.. သူ့ယောကျ်ား အလုပ်လုပ်တဲ့ဆီသွားပီး စုံစမ်းပါ...
ဟုတ်ပြီ Jimin. ဒါဆိုhyung,Taehyungကိုခေါ်သွားလိုက်မယ်.
ဟုတ်ပြီ. Taehyungကကောအဆင်ပြေလား.
အင်း ပြေတယ်..
မပြေပါဘူး..
အကိုနမ်ဂျွန်က ဘာလို့မပြေတာလဲ..
Taehyungကိုသူစိမ်းနဲ့၂ယောက်ထဲ မသွားခိုင်းနိုင်ဘူး ဒါကြောင့် အဆင်မပြေဘူး..
Hyungကလဲ. သူစိမ်းမှမဟုတ်တာ.. အလုပ်အတူလုပ်နေတဲ့သူ အချင်းချင်းကို.
ယောင်းလေး မင်းဘာမှမသိဘဲ.
Hyungကျွန်တော် အဆင်ပြေပါတယ်ဆို..
ထပ်ပြောချင်ပေမဲ့ ဆူပုတ်နေပြီဖြစ်တဲ့ ယောင်းလေးမျက်နှာကြောင့် နမ်ဂျွန်. ဘာမှဆက်မပြောဖြစ်တော့. ဒါကိုဘဲ အခွင့်ကောင်းယူကာ..
ကဲ. ကဲ နမ်ဂျွန်ကိုတော့. ငါခေါ်သွားလိုက်မယ်. ဟိုဆော့ကထယ်ယောင်းကိုခေါ်သွား ဟုတ်ပြီလား.
ဆော့ဂျင်ကထိုသို့ဝင်ပြောတာကြောင့်.. သိနေတယ်ဆိုတဲ့ အကြည့်ဖြင့် ဟိုဆော့ကြည့်ပေးလိုက်သည်..

YOU ARE READING
"TWO OR ONE" [Uni & Zaw]
Historical FictionJJK💫 PJM 🌫️Own Creation🌫️ Start ★27.10.2020★ End ★ 4.5.2021★