Unicode
17.4.2021
Seokjinရောက်နေတဲ့နေရာက စျေးထဲက ဆန်အရက်ဆိုင်တွင်.....
တစ်ခွက်ပြီးတစ်ခွက်မော့သောက်ရင်း ရင်ထဲ၌လဲ တနုတ်နုတ်ခံစားနေရသည်..
Namjoon... namjoonငါ့အချစ်ကိုအလေးနက်မထားတဲ့ကောင်... ဒီလောက်ချောမောခန့်ညားတဲ့ မျက်နှာကိုပိုင်ဆိုင်ထားရတဲ့ငါတောင် သူ့လောက် မမောက်မာဘူး..
ပါးစပ်ကလဲရွတ်လိုက်.. အရက်တစ်ခွက်ကလဲသောက်လိုက်နှင့် အတော်ပင် ရေချိန်တက်နေလေပြီ...
ငါ့မှာတော့သူ့ကိုချစ်လိုက်ရတာ ကြွေလိုက်ရတာ သူကတော့ငါ့ကို. အရေးတောင်မလုပ်ဘူး.. မကောင်းတဲ့ကောင်.. အီး ဟီး ဟီး
သူ့ငိုသံကြောင့်ဘေးနားကလူတွေလဲ တိုးတိုး တိုးတိုးနဲ့ သို့ပေမဲ့ ဘာတစ်ခုသူမသိ မသိဆိုအတော်လဲမူးနေလေပြီ..
ရုတ်တရက်လှမ်းမြင်လိုက်ရတာက hoseokနဲ့Taehyung.. ၂ယောက်သား လက်ချင်းယှက်ပြီး ကြည်နူးနေလိုက်တာများ..
ငါကိုကချစ်ကံခေတာပါ...အရူးလိုလူကိုမှသွားချစ်မိတာကိုး အီး ဟီး ဟီး..
အကိုဆော့ဂျင်..
ဘယ်သူလဲ.. ငါ့ကိုခေါ်နေတာ..
ကျွန်တော်
Namjoom?မင်းဘာလာလုပ်တာလဲ
အိမ်ပြန်ရအောင် အတော်မူးနေပြီမလား
မမူးဘူး ငါမမူးဘူး.. သွား သွား
အိမ်ပြန်ရအောင်... အဒေါ်ကြီး ပိုက်ဆံထားခဲ့ပြီနော်...
ငါမပြန်ဘူးလို့ပြောနေတယ်မလား ထပ်သောက်ဦးမှာ..
လာပါ.... အိမ်အရင်ပြန်ရအောင်.
ရုန်းကန်နေပေမဲ့... အိမ်အရင်ရောက်ဖို့အရေးကြီးတာမို့ ပခုံးပေါ်ထမ်းတင်လိုက်တော့လဲ... အော်နေဆဲ..
လွှတ်.. မင်းကဘာလဲ ဘာမို့လို့လဲ ငါ့ကိုဟိုဟာမလုပ်နဲ့ဒီဟာမလုပ်နဲ့ပြောနေရအောင်...
ကျွန်တော်ကစေတနာနဲ့ပြောနေတာ အကိုဆော့ဂျင်...
အခန်းထဲရောက်ရောက်ချင်း ရန်တွေ့ခံလိုက်ရခြင်း...
![](https://img.wattpad.com/cover/243546861-288-k448789.jpg)
YOU ARE READING
"TWO OR ONE" [Uni & Zaw]
Historical FictionJJK💫 PJM 🌫️Own Creation🌫️ Start ★27.10.2020★ End ★ 4.5.2021★