🍂Final🍂

4K 303 15
                                    

Unicode

4.5.2021

တစ်လကြာသော်,

ပြောင်းလဲခြင်းမျိုးစုံဖြစ်ခဲ့သည်...
အမတ်ချုပ်ကြီးကင်မ်နဲ့အပေါင်းအပါအမတ်တချို့.. ကို မင်းကြီးအားလုပ်ကြံမှုနဲ့.. ကွပ်မျက်ခဲ့သည်...

အကိုတော်ဖြစ်သူတွက်တော့ တိတ်တဆိတ်သာ... သူလုပ်ပေးနိုင်သည်...  အမြွှာညီကိုမှန်းသာသိသွားရင် မတည်ငြိမ်နိုင်တဲ့တိုင်းပြည်အခြေနေတွေကြောင့်... သေသည်အထိဒီကိစ္စကိုဖုံးကွယ်ထားဖို့ဆုံးဖြတ်ခဲ့သည်...

Namjoon Hyungကအကိုဆော့ဂျင်နဲ့အတူ. သူတို့ရွာလေးကိုပြန်သွားခဲ့သည် ... လက်ထပ်ပြီး လယ်ယာလုပ်ကိုင်စားနေသည်ဟူသောသတင်းတော့ကြားရသည်..

Taehyungကတော့ အဖေဖြစ်သူအပြစ်ပေးခံရပြီး အကိုဖြစ်သူလဲထွက်သွားတော့ နန်းတော်ထဲမှာဆက်မနေတော့ဘဲ. မြို့ထဲကသူ့အိမ်မှာသာ နေထိုင်သည်... အမတ်ချုပ်ကင်မ်ကိုပြည်သူတွေကမုန်းတီးရွံရှာပေမဲ့ Taehyungကိုတော့ သနားကြင်နာကြသည်.Taehyungကလဲ မြို့ထဲကကလေးငယ်တချို့ကို ပညာသင်ကြားပေးနေတာဆိုတော့ သူ့ဘဝနဲ့သူအေးချမ်းနေပါတယ်.. နောက်ပြီး ဒီလကုန်ရင် လက်ထပ်တော့မယ်ကြားသည်..

သူချစ်ရတဲ့Hoseok hyung..ကနဂိုကတည်းက ပါရမီပါသူမို့ တစ်လအတွင်းနဲ့ နန်းတွင်းသမားတော်ရာထူးကိုလက်ခံရရှိနေလေပြီ... လက်ထပ်ပြီးရင်လဲ.. hoseok hyungကသာတာဝန်တွက်နန်းတော်ထဲနေရပေမဲ့ Taehyungကတော့နန်းတွင်းကိုထပ်လာမယ်မထင်ပါ...

အရာအားလုံးက အေးအေးချမ်းချမ်းနဲ့အဆင်ပြေပြေဖြစ်သွားခဲ့ပါပြီ...
ခုထိအဆင်မပြေသေးတာက သူနဲ့Kooသာ... အရာရာကို Kooကိုယ်တိုင်ဝန်ခံမှနားထောင်မယ်လို့ဆုံးဖြတ်ခဲ့ပေမဲ့.. Taehyungနဲ့နောက်ဆုံးတွေ့တုန်းက အကြောင်းအရာအားလုံးသူသိခဲ့ရခြင်းပင်..

ယခင်ကသူ့ကိုဖုံးကွယ်ထားတာဟာKooရဲ့ဖခမည်းတော်ကိစ္စကြောင့်ဆိုရင်.. ယခုထိ.. ဖွင့်မပြောသေးတာကဘာကြောင့်လဲသူမသိပါ..
မဟုတ်မှ. Kooသူ့ကိုမချစ်တော့တာလားလို့တွေးမိပေမဲ့.. ရင်ထဲနာကျင်ရတာမို့ အတွေးကိုသာဖျောက်ဖျက်ပစ်လိုက်သည်..

မိမိကကြင်ယာတော်နေရာမှာတစ်ဦးတည်းသောဆိုပေမဲ့ တော််ဝင်သွေးသားမမွေးပေးနိုင်တာကြောင့်. မိဖုရားတစ်နည်းအားဖြင့်တိုင်းပြည်မိခင်တွက်... ခန့်အပ်ဖို့.. အမတ်တွေတွတ်ထိုးနေတယ်ဆိုတာသူကြားပါတယ်.

"TWO OR ONE" [Uni & Zaw]Where stories live. Discover now