🍂7🍂

2.2K 309 10
                                    

Unicode

26.11.2020

ကျွန်တော်က. မင်းကြီးနဲ့သခင်ကြီး Parkတို့လွှတ်လိုက်တဲ့. တိုက်ခိုက်ရေးသင်ပေးမဲ့ Min Yoongiပါ...

အော်... ဂျောင်ကုလေးအရွယ်ရောက်လာရင် ပို့မယ်လို့ အရင်ကပြောဖူးပါတယ်. အခုတော့ရောက်လာပြီပေါ့..

Nae,ဒါမဲ့ ဒီကိစ္စကိုလျှို့ဝှက်ထားမှဖြစ်ပါ့မယ်

ဖြစ်ပါ့မလား... လူသူကင်းတဲ့ နေရာရှိပေမဲ့... မင်းတို့နဲ့ပါလာတဲ့ သူတွေကိုကောယုံကြည်ရပါ့မလား...

ကျွန်တော်လဲ အဲ့ဒါကိုပြောတာပါ.. ဖြစ်နိုင်ရင် တစ်ယောက်မှမသိတာပိုအဆင်ပြေပါလိမ့်မယ်.. ကျွန်တော်တို့၃ယောက်နဲ့ ဂျောင်ကုကလွဲရင်ပေါ့..

ကောင်းပါပြီ..
ထိုချိန် အပြင်ဘက်က အသံဆာဆာတွေကိုကြားလိုက်ရတာကြောင့်... သူတို့ပြန်လာပြီဆိုတာသိလိုက်ရသည်.. ဒါနဲ့ဘဲသူတို့၃ယောက်လဲ... အရှိန်သတ်လိုက်ရတော့သည်...

ပြန်လာကြပြီလား ကလေးတွေ..

nae,Park Jiminပါ... မတွေ့တာကြာပြီနော် ဦးလေးကြီး...

အေးကွယ် တော်တော်လေးတောင် အရွယ်ရောက်လာပြီဘဲ....
ဒါနဲ့ ကျန်တဲ့ကလေးတွေကော..

သူတို့က ရွာထဲလည်နေတာ ခဏနေပြန်ရောက်မှာပါ..

ဒါဆိုမင်းတို့ကဘယ်သွားတာလဲ ငါအိပ်နေတုန်းက ဒီရှေ့မှာစကားပြောနေကြတာပါ.
Yoongiကဝင်မေးလိုက်သည်..

ထိုအခါJiminက
ကျွန်တော်တို့က စကားပြောရင်း အကိုဆော့ဂျင် ငါးသွားသွားဖမ်းတတ်တဲ့နေရာသွားတာ... သာသာယာယာရှိတယ်လေ..

ဟုတ်ပါပြီ..

ကဲကဲ.. ဒါဆိုလဲ ရေမိုးချိုးကြတော့ ညနေစာစားဖို့ ပြင်ခိုင်းထားမယ်..

Nae.....

၂ယောက်လုံးကယောကျ်ားလေးတွေဖြစ်နေပေမဲ့ အတူရေချိုးဖို့ကျ ဘာကိုရှက်လို့ရှက်မှန်းမသိ.. ဒါနဲ့ဘဲ jiminချိုးနေတဲ့အတောတွင်း jungkookက ထမင်းချက်နေတဲ့နား ကူနေလေသည်. အတန်ကြာတော့ ရွာထဲသွားလည်တဲ့... ၄ယောက်ပြန်လာလေသည်..

"TWO OR ONE" [Uni & Zaw]Where stories live. Discover now