🍂20🍂

2K 263 5
                                    

Unicode

3.5.2021

ကျွန်တော်...

ကျွန်တော်တွေဘာတွေလုပ်မနေဘဲ ငါ့နားအမြန်တိုးလာခဲ့..

Jiminလဲကြောက်လန့်နေပေမဲ့ မလွန်ဆန်နိုင်တာကြောင့် ချိတုံချိတုံနဲ့ ကုတင်ပေါ်လှဲနေသူနား အသာသွားလိုက်သည်..

ရုတ်တရက်လှမ်းဆွဲခြင်းခံလိုက်ရတာနဲ့အတူ.. လူကလဲကုတင်ပေါ်ပက်လက်...

အရှင်...

ရှူးး.. ကြောက်နေတာလား..

ခေါင်းသာအသာငြိမ့်ပြသည်.

မကြောက်ပါနဲ့.. ရိုးရိုးဘဲဖက်အိပ်မှာပါHyung..

Nae.. nae Hyung... ?

ကျွန်တော်Hyungကိုလွမ်းနေခဲ့တာ.. ရုတ်တရက်ပျောက်သွားရလို့စိတ်မကောင်းပေမဲ့ ခွင့်လွှတ်ပေးမယ်မလားဟင်.

KooလားKooလားဟင်..

အင်း Hyungရဲ့Koo.

.ဒါဆိုနေ့လယ်ကဘာလို့ မသိချင်ယောင်ဆောင်ရတာလဲ.

ဘယ်တုန်းကလဲ..

မင်္ဂလာပွဲတုန်းကလေ...

အဲ့ဒါHyungကိုမသိစေချင်လို့လေ. ကိစ္စတွေအကုန်ပြီးမှအေးအေးချမ်းချမ်း Hyungနဲ့အတူ နေချင်လို့..

ခုကကောဘာလို့ပြောပြတာလဲဒါဆို

ဟင်မပြောပြပါဘူး. ကျွန်တော်အလွမ်းသယ် နေတာပါကျွန်တော့ရဲ့Hyungရယ်..

ဟမ်...

ကျွန်တော်Hyungကိုလွမ်းလွန်းလို့ မျက်လုံးတွေတောင်စင်းလာပြီ...

ပြောရင်းမှိတ်ကျသွားတဲ့မျက်ဝန်းတွေနဲ့အတူ Kooတစ်ယောက်အိပ်ပျော်သွားလေပြီ..

ဟက်.... ဟန်ဆောင်မယ်ဆိုပြီး မူးတော့အကုန်ပေါ်လာတာ ဘယ်လိုလုပ်မလဲအရူးလေးရဲ့..

ထို့နောက် Jiminလဲချစ်ရသူရင်ခွင်ကျယ်ကြီးထဲတိုးဝင်လျက် အိပ်စက်ခြင်းဆီသို့.

မိုးစင်စင်လင်းတော့. အပြင်ကအထိန်းတော်တွေနှိုးနေသံကြားသည်..

အရက်မူးသမားလေးကခုထက်ထိမထသေးတာမို့ သူကဘဲထပြီးရှေ့က အထိန်းတော်တွေကိုပြန်လွှတ်လိုက်သည်...

"TWO OR ONE" [Uni & Zaw]Where stories live. Discover now