🍂3🍂

2.5K 316 13
                                    

Unicode

5.11.2020

Jiminတို့ရောက်နေတာ... ၂ရက်ရှိလေပြီ... ကြာကြာနေရင်.. မဖြစ်တာကြောင့် မနက်ဖြန်မနက်စောစော ထပြန်ဖို့စီစဥ်ထားသည်..

ဒီမှာနေတဲ့၂ရက်အတွင်း jiminအပျော်ကြီးပျော်နေလေသည်... ဟိုမှာတုန်းက စာပြီးရင်းစာဘဲ လုပ်နေတော့. သူငယ်ချင်းတွေနဲ့လဲ.. လွတ်လွတ်လပ်လပ်မပျော်ဖူးဘူး... သူငယ်ချင်းဆိုလို့လဲ.. အမတ်ချုပ်ကြီးသား ထယ်ယောင်းသာရှိသည်...

ဒါမဲ့ သူနဲ့လဲ စာသင်ချိန်တစ်ချိန်သာတွေ့ရသည်... ကျန်တဲ့ချိန်တွေမှာကိုယ်က.. တခြားစာပေတွေလေ့လာနေပေမဲ့ ထယ်ယောင်းကတော့.. တိုက်ခိုက်ရေးကိုသူ့အကိုထံ သင်ကြားနေလေသည်..

Jiminကိုမေးရင်တော့.. တိုက်ခိုက်ရေးကိုစိတ်မဝင်စားပါ.. စာပေကိုသာလေ့လာပြီးဘဝကို အေးအေးချမ်းချမ်းနေချင်သည်.. သူ့လိုဘဲ ထယ်ယောင်းမှာလဲ.. ဘဝကိုလွတ်လွတ်လပ်လပ် နေချင်ပြီး အပျော်မက်သူတစ်ဦးပင်.. ဒါမဲ့ သူ့အဖေရဲ့ စည်းကမ်းတွေ ထိန်းချုပ်မှုတွေအောက်မှာဘဲ နေရသည်..

ထယ်ယောင်းအကို နမ်ဂျွန်နဲ့တော့ သိပ်မရင်းနှီး. သို့သော်.. သူ့ညီဖြစ်သူကိုအလွန်ချစ်တာကတော့ ဘေးကလူတွေတောင် သိလေသည်... ထယ်ယောင်းဘယ်သွားသွား အနောက်ကနေ နမ်ဂျွန်အမြဲပါသည်..နောက်ပီး. တခြားသူနဲ့လဲ အပေါင်းသင်းမလုပ်...

သူအပေါင်းသင်းလုပ်တာဆိုလို့... သူနဲ့ရွယ်တူ. ဘုရင့်ကိုယ်ရံတော်ရဲ့သား မင်ယွန်ဂီဆိုသူသာရှိသည်.. ထိုသူကလဲ.. ကိုယ်ရံတော်ရဲ့သားလို့မပြောရဘူး ငယ်ကတည်းက တိုက်ခိုက်ရေး စစ်ရေးကိုလေ့လာခဲ့သည်တဲ့.. အများပြောကြတာတော့ မင်ယွန်ဂီက နောင်တစ်ချိန်တက်မဲ့.. ဘုရင်ရဲ့ကိုယ်ရံတော်ဖြစ်လာနိုင်သည်တဲ့လေ....

အိမ်ရှေ့ခုံတန်းလျားမှာထိုင်ရင်း jimin ဂျိုဆွန်းကအကြောင်းတွေးမိနေခြင်းပင်... ဒီကိုစရောက်တဲ့နေ့ကတော့. ဒီမှာအဆင်မပြေလောက်ဘူးထင်ထားပေမဲ့ တွေးတာထက်ပိုစွာ အဆင်ပြေနေလေသည်...

အိမ်ကဦးလေးကြီးနဲ့အဒေါ်ကြီးကလဲ သူ့အပေါ် ဂရုတစိုက်ရှိပြီး hoseok hyungကလဲ ကြင်နာသည်... မနေ့ညတုန်းက. စကားတွေပြောရင်း ကိုယ့်ရည်မှန်းချက်တွေကိုမေးမိကြတော့ hoseok hygက ဆေးပညာကိုသေချာသင်ယူပြီး.. နန်းတွင်းကဆေးဌာနမှာအလုပ်လုပ်ချင်သည်တဲ့.. ထိုမှတစ်ဆင့် သမားတော်အထိဖြစ်ချင်တယ်ဆိုပြီး ပြောလေသည်..

"TWO OR ONE" [Uni & Zaw]Where stories live. Discover now